October 18, 2018

We ❤️ New Cars!

New Car News in Burmese

မော်တော်ယာဉ်အရောင်းအဝယ်ပြုလုပ်တဲ့အခါမှာအတည်ပြုဖို့ နဲ့ မိမိဝယ်ယူထားတဲ့ ယာဉ်ကလိုင်စင်မဲ့ ဟုတ်/မဟုတ် စစ်ဆေးမှုကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးငှာနရုံးအနေနဲ့ လတစ်လရဲ့ ၂၀ ရက်နေ့အထိသာစစ်ဆေးပေးသွားမှာဖြစ်ပါတယ်။ လာရောက်စစ်ဆေးတဲ့ ကားအစီးအရေအတွက်ဟာ တော်တော်လေးများပြားနေတာကြောင့် အခုလို ရက်သတ်မှတ်လိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးငှာနအကြီးတန်းအရာရှိတစ်ဉီးက –

“ယာဉ်မှန်/မမှန် လာစစ်တဲ့ကားတွေက အရမ်းများလာတယ်။ ဒါကြောင့် နေ့လယ် ၁ နာရီနောက်ပိုင်းမှပဲ ယာဉ်စစ်ဆေးတာပြုလုပ်ပေးသွားမယ်။ လကုန်ခါနီးမှာတစ်ခြားသက်တမ်းတိုးတဲ့ ကားတွေလည်းများလာတယ်။ ရုံးလုပ်ငန်းတွေလည်း ရှိသေးလို့ လတစ်လရဲ့ ၂၀ ရက်နောက်ပိုင်းနဲ့ လကုန်ရက်တွေမှာ ယာဉ်မှန်/ မမှန် စစ်ဆေးပေးတာကို မလုပ်ပေးတော့အပါဘူး”

လို့ပြောကြားခဲ့ပါတယ်။

မှတ်ပုံမတင်ထားတဲ့ယာဉ်တွေကို တရားဉပဒေအတိုင်းအရေးယူဖမ်းဆီးသွားဖို့ရှိနေတာကြောင့် မော်တော်ယာဉ်မောင်းနှင်သူများအနေနဲ့ မိမိရဲ့ ယာဉ်ဟာ တရားဝင်မှတ်ပုံတင်ထားတဲ့ယာဉ် ဟုတ်/မဟုတ် စစ်ဆေးကြည့်ကြဖို့ အကြံပြုလိုက်ပါတယ်။

 

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories