August 15, 2018

We ❤️ New Cars!

New Car News in Burmese

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်သူ Donald Trump ဟာ US ရဲ့လောင်စာ ကိစ္စနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဆွေးနွေးဖို့ ကားကုမ္ပဏီတွေနဲ့ ချိန်းဆိုလိုက်ပြီဖြစ်ပါတယ်။ US ကကားကုမ္ပဏီတွေသာမက ပြည်ပမှလာရောက်ဖွင့်လှစ်တဲ့ ကားကုမ္ပဏီတွေနဲ့ပါ ၂၀၂၆ ခုနှစ်အထိ လောင်စာ အသုံးပြုရမယ့်အတိုင်းအတာ ပုံစံတွေကိုဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးမှုကတော့ နောက်တစ်ပတ်မှာဖြစ်ပြီး ရက်အတိအကျကတော့ မေလ ၁၁ ရက်နေ့ပါ။ ဆွေးနွေးမယ့် အစည်းအဝေးကိုတော့ ဝါရှင်တန်မြို့မှာရှိတဲ့ အိမ်ဖြူတော်မှာ ကျင်းပသွားမှာဖြစ်ပြီး ကားကုမ္ပဏီတွေရဲ့ CEO တွေနဲ့ အကြီးအကဲတာဝန်ရှိပုဂ္ဂိုလ်တွေတက်ရောက်မှာဖြစ်ပါတယ်။ General Motors, Ford Motor Co., နဲ့ Toyota Motor Corp. တို့အပါအဝင် ကားကုမ္ပဏီတွေတော်တော်များများ အစည်းအဝေးကို တက်ရောက်မှာပါ။

Trump အနေနဲ့ အိမ်ဖြူတော်အစည်းအဝေးမှာ ၂၀၂၀ ကနေ ၂၀၂၆ ခုနှစ်အတွင်း လောင်စာလျော့ချသုံးစွဲမှု စည်းမျဉ်းတွေချမှတ်ဖို့ပြင်ဆင်နေပြီပဲဖြစ်ပါတယ်၊ (ပြောရရင်ဒါဟာ ကားကုမ္ပဏီတွေရဲ့လုပ်ပိုင်ခွင့်ကို အနည်းငယ်လျော့ချလိုက်သလိုပါပဲ။) ကားကုမ္ပဏီတွေအနေနဲ့ရော အိမ်ဖြူတော် အစည်းအဝေးမှာ ဘယ်လိုတွေ ဆွေးနွေးသွားဖို့ရှိလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အိမ်ဖြူတော်မှာဆွေးနွေးမှု ပြီးသွားရင်တော့ US မှာလောင်စာနဲ့ပတ်သက်ပြီး Policy အသစ်တွေထပ်မံထွက်ရှိလာမှာကတော့ အသေအချာပါပဲ။

 

Via

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories