November 18, 2018

We ❤️ New Cars!

New Car News in Burmese

ဂျပန်ကားကုမ္ပဏီ Toyota ဟာတော့ စင်္ကာပူအခြေစိုက် Grab ရဲ့အရှေ့တောင်အာရှလုပ်ငန်းစုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိရင်းနှီးမြှပ်နှံသွားဖို့ရှိတယ်လို့သိရပါတယ်။ အခုလိုရင်းနှီးမြှပ်နှံမှုကြောင့် Toyota ဟာ အရှေ့တောင်အာရှက Grab လုပ်ငန်းစုရဲ့ အမှုဆောင်ဘုတ်အဖွဲ့ဝင်ဖြစ်သွားမှာပါ။

Grab အနေနဲ့ အခုလို Toyota နဲ့ပူးပေါင်းရတဲ့ရည်ရွယ်ချက်ကတော့ Mobility Strategy အသစ်တွေဖန်တီးသွားဖို့နဲ့ အရှေ့တောင်အာရှလုပ်ငန်းစုရဲ့ Online-to-offline services တွေကို တိုးချဲ့သွားဖို့ဖြစ်တယ်လို့သိရပါတယ်။ Food delivery, Electronic payments အစရှိတဲ့ Service အသစ်တွေကို တိုးချဲ့သွားဖို့ဖြစ်ပါတယ်။

အခုလိုပူးပေါင်းမှုနဲ့ပတ်သက်ပြီး Grab ရဲ့ president ဖြစ်သူ Ming Maa က

“ကမ္ဘာတစ်ဝှမ်းမှာအောင်မြင်မှုရရှိထားတဲ့ Toyota အနေနဲ့ အခုလို Grab ကိုလာရောက်ရင်းနှီးမြှပ်နှံမှုပြုလုပ်တာဟာ အရှေ့တောင်အာရှ region အတွက် ကျွန်တော်တို့ ရှာဖွေဖန်တီးသွားမယ့် Mobility Solution အသစ်တွေ၊ ထပ်မံတိုးချဲ့သွားမယ့် GrabFood, GrabPay အစရှိတဲ့ Online to offline (O2O) mobile service တွေကို ကျွန်တော်တို့ဉီးဆောင်သွားမယ့်အပေါ် ယုံကြည်မှုရှိနေလို့ဖြစ်ပါတယ်”
Source: Grab

လို့ပြောကြားခဲ့ပါတယ်။

Toyota ဟာတော့ Connected-car service အပိုင်းတွေဖြစ်တဲ့ User-based insurance, Predictive maintenance အစရှိတာတွေကို Grab နဲ့ပူးပေါင်းလုပ်ဆောင်သွားဖို့ အခုလိုရင်းနှီးမြှပ်နှံမှုပြုလုပ်မှာပဲဖြစ်ပါတယ်။ အဲ့လို service တွေက ကားမောင်းသူကို ပိုပြီး လုံလုံခြုံခြုံနဲ့မောင်းနှင်နိုင်အောင် ပြုလုပ်ပေးမှာဖြစ်သလို ပရီမီယံအာမခံ အတွက်စျေးနှုန်းကို လျော့ချပေးမှာလည်းဖြစ်တယ်လို့သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး Toyota ရဲ့ executive vice president ဖြစ်သူ Shigeki Tomoyama က

“ကျွန်တော်တို့ Toyota ဟာ Grab နဲ့ပူးပေါင်းပြီး စိတ်ဝင်စားစရာကောင်းပြီး လုံခြုံစိတ်ချမှုရှိတဲ့ ဝန်ဆောင်မှုကို အရှေ့တောင်အာရှက Grab အသုံးပြုတွေထံအရောက်ပို့နိုင်အောင် ဖန်တီးသွားမှာပါ။”
Source: Grab

လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲ့တော့ နောက်ပိုင်းမှာ ကျွန်တော်တို့အနေနဲ့ GrabTaxi တင်မဟုတ်ပဲ GrabFood, GrabPay လိုမျိုး ဝန်ဆောင်မှုအလန်းစားတွေကို တွေ့မြင်ရတော့မှာတော့ အသေအချာပါပဲ။ Grab ဟာတော့လက်ရှိ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှေမှာ အကြီးဆုံး Ride Hailing Platform တစ်ခုဖြစ်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: