May 22, 2018

We ❤️ New Cars!

New Car News in Burmese

U.S.A မှာရှိနေတဲ့ Toyota Motor Sales က Avalon Model Brand New ကားကို ၂၀၁၈ ဇန်နဝါရီလ မှာကျင်းပမယ့် 2018 North American International Auto Show မှာ မိတ်ဆက်မယ်လို့ ပြီးခဲ့တဲ့ဒီဇင်ဘာ ၈ ရက်နေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

Avalon ကတော့ Toyota ရဲ့ Brand တစ်ခုဖြစ်ပြီး လက်ရှိ U.S ကားမာကတ် ထိပ်တန်း Brand တွေထဲကတစ်ခုအပါအဝင်အဖြစ်ရပ်တည်နေတာလည်းဖြစ်ပါတယ်။ Avalon အကြောင်းကိုနောက်ကြောင်း နည်းနည်းလှန်ပြီး First-generation ကနေပြန်စကြည့်ရအောင်။ Avalon Model ရဲ့ပွဲဉီးထွက်ဖြစ်တဲ့ First-generation ကားကိုတော့ ၁၉၉၄ မှာစတင်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ ၁၉၉၄ မှာက ဂျပန်ပြည်တွင်းမှာပဲဖြန့်ချီခဲ့တာဖြစ်ပြီး ၁၉၉၅ ရောက်ရှိမှသာ ပြည်ပနိုင်ငံတွေကို စတင်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။

၂၀၀၀ ခုနှစ် ရောက်ရှိတဲ့အခါမှာတော့ Toyota က Avalon First-generation ကားကို ပြန်လည်ပြင်ဆင်ပြီး Avalon Second-Generation model ကိုထပ်မံဖြန့်ချီပါတယ်။

Avalon Second Generation ကိုတော့ ကား မာကတ်ထဲမှာ Toyota Pronard အမည်နဲ့ရောင်းချခဲ့တာဖြစ်ပါတယ်။ Third-generation ကိုတော့ ၂၀၀၅ ခုနှစ်မှာဖြန့်ချီခဲ့တာပါ။ Gasoline နဲ့ Hybrid Powertrains ကိုတိုးမြှင့်ပြီး Fourth-generation model ကို ၂၀၁၂ နွေဉီးမှာကျင်းပတဲ့ New York International Auto Show မှာပြသခဲ့တာဖြစ်ပါတယ်။ Avalon Fourth-generation ကို 2016 model အနေနဲ့ ၂၀၁၅ ဖေဖော်ဝါရီမှာဖြန့်ချီခဲ့ပါတယ်။

Avalon ရဲ့လက်ရှိနောက်ဆုံးထွက်ရှိမယ့် Fifth-generation ကိုတော့ ၂၀၁၈ မှာစတင်မိတ်ဆက်တော့မှာပါ။ ၂၀၁၈ မှာမိတ်ဆက်တော့မယ့် Avalon fifth-generation မှာဘာ တွေထပ်မံတိုးမြှင့်ထားဉီးမလဲဆိုတာကတော့ စိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

 

ref : responsejp

New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories