July 17, 2018

We ❤️ New Cars!

New Car News in Burmese

Toyota Motor Corporation က လျှပ်စစ်ကား ၁၀ စီး (သို့) ၁၀ စီးထက်ပိုတဲ့ အရေအတွက် ၂၀၂၀ အစောပိုင်းလောက်မှာဖြန့်ချီမယ်လို့ အစီအစဉ်အစီဆွဲထားတာပဲဖြစ်ပါတယ်။ အခုလက်ရှိ Toyota မှာတော့ လျှပ်စစ်ကားတွေရှိနေတယ်ဗျ။ Hybrid model ဘက်ကိုရောက်ပေမယ့် လျှပ်စစ်ဓာတ်အားသီးသန့်ကြီးပဲအသုံးပြုရတဲ့ကားတော့မဟုတ်ပါဘူး။

Toyota ရဲ့ လျှပ်စစ်ကားတွေကို တရုတ်မှာ စတင်ရောင်းချမှာဖြစ်တယ်လို့ ပြီးခဲ့ တနင်္လာနေ့က Shigeki Terashi ဆိုတဲ့လူပြောခဲ့တာဖြစ်ပါတယ်။ တရုတ်မှာရောင်းချပြီးရင်တော့ Japan, India, U.S, Europe အစရှိတဲ့နေရာတွေမှာ ဆက်လက်ရောင်းချသွားမှာဖြစ်တယ်လို့ ထပ်မံပြောကြားခဲ့ပါသေးတယ်။ Shigeki Terashi ဆိုသူကတော့ Toyota Motor Corporation ရဲ့ Executive Vice President  ဖြစ်ပါတယ်။

Toyota company အနေနဲ့ ၂၀၂၅ ရောက်ရှိရင်တော့ Electrified Version Vehicle (hybrid, electric or fuel-cell) တွေကိုပဲရောင်းချသွားတော့မှာပါ။ Toyota ရဲ့လျှပ်စစ်ကားတွေပြုလုပ်တဲ့ နေရာမှာ ဘက်ထရီတွေပံ့ပိုးမှာကတော့ Panasonic Corporation ကပဲဖြစ်ပါတယ်။ အဲ့ဒီသတင်းကိုတော့ Toyota ကိုယ်တိုင်ကပဲလွန်ခဲ့တဲ့တပတ်ကကြေညာခဲ့တာဖြစ်ပါတယ်။ Toyota ရဲ့ ၂၀၂၀ Strategy မှာ Panasonic Corp ကလည်း Partnership အဖြစ်ပါဝင်တယ်လို့ဆိုရမှာပါ။

၂၀၃၀ က စပြီး Toyota ရဲ့လျှပ်စစ်ကားတွေအပေါ်ထားရှိတဲ့ Sale Target ကတော့ တစ်နှစ်ကို 5.5 million အထိရောင်းချနိုင်ဖို့ပဲဖြစ်ပါတယ်။ Toyota ရဲ့ပုံမှန် Vehicle Sale Target က တစ်နှစ်ကို 10 million ဝန်းကျင်ရှိပါတယ်။

Nissan, Volkswagen, Honda စတဲ့ကား company တွေကလည်း လျှပ်စစ်ကား အတွက်အကောင်းဆုံး နည်းပညာဖြစ်အောင်ကြိုးစားနေကြတာကြောင့် Electrified Version Vehicle တွေအတွက် ပြိုင်ပွဲအသွင်ဆောင်လာတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး Automaker တွေရဲ့ပြိုင်ပွဲကိုစောင့်ကြည့်နေတုန်း ဘက်ထရီနည်းပညာကောင်းကိုပိုင်ဆိုင်ထားတဲ့ Panasonic ကပဲ အနိုင်ရရှိသွားမလားဆိုတာကတော့ ဘယ်သူမှမသိနိုင်ပါဘူး။

Auto News , New Models

One thought on “၂၀၂၀ မှာလျှပ်စစ်ကား ၁၀ စီးကိုထုတ်လုပ်ဖြန့်ချီဖို့ အစီအစဉ်ဆွဲနေတဲ့ Toyota!”

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories