July 17, 2018

We ❤️ New Cars!

New Car News in Burmese

RUSH ဆိုတဲ့ကားမော်ဒယ်အသစ်ကြီးကိုတော့ Toyota Myanmar – Aye and Sons ကကြီးမှူးပြီးပြုလုပ်မယ့် “Toyota all new SUV Rush Launching” ဆိုတဲ့ Event တစ်ခုမှာ ချပြမိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။ Event ကိုတော့လာမယ့် ဇွန်လ ၂၉ ရက်နေ့၊ ၃၀ ရက်နေ့နဲ့ ဇွန်လိုင်လ ၁ ရက်နေ့ ဆိုပြီး ၃ ရက်တိုင်တိုင်ကျင်းပသွားမှာပါ။ မြန်မာပလာဇာ Promotion Area မှာကျင်းပသွားမှာဖြစ်ပြီး ကျင်းပချိန်ကတော့ နံနက် ၁၀ နာရီကနေ ည ၈ နာရီအထိဖြစ်တယ်လို့ သိရပါတယ်။

RUSH မော်ဒယ်အသစ်ဟာတော့ 4 Wheel Drive Mid-size SUV အမျိုးအစားဖြစ်ပြီး 1.5L 2NR-VE 4Cylindar DOHC အင်ဂျင်နဲ့ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ SUV အမျိုးအစားဖြစ်တဲ့အညီ ကားရဲ့အတွင်းပိုင်းမှာ ထိုင်ခုံတန်း ၃ တန်းပါဝင်နေပါတယ်။ ရှေ့ ၂ ခုံ၊ အလယ်တန်းက ၃ ခုံ နဲ့ နောက်ဆုံးတန်းက ၂ ခုံပါဝင်တာကြောင့် လူ ၇ ယောက်စီးနှင်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကားရဲ့အနောက်ဆုံးမှာ ပစ္စည်းထည့်သွင်းနိုင်ဖို့ ကျယ်ဝန်းလှတဲ့ Space တစ်ခုကို ပေးထားဉီးမှာပါ။ စျေးနှုန်းကတော့ ကားတန်ဖိုးကြမ်းခင်းစျေး USD 285000 လို့သိရပါတယ်။  ဒါတွေကတော့ Toyota RUSH ရဲ့ Overview အချက်တွေလို့ဆိုရမှာပါ။

ကားရဲ့ Specification အသေးစိတ် အပြည့်အစုံ၊ Driver Experience နဲ့ Color option အပြည့်အစုံကိုတော့ စတင်မိတ်ဆက်မယ့် ဇွန်လ ၂၉ ရက်နေ့မှ သိရှိရမှာပဲဖြစ်ပါတယ်။

New You. New Success.

 

 

 

Source 1, 2

New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories