August 15, 2018

We ❤️ New Cars!

New Car News in Burmese

Toyota Myanmar အနေနဲ့ပြီးခဲ့တဲ့  မေလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၃ ရက်တိုင်တိုင် မြန်မာပလာဇာမှာ ကျင်းပခဲ့တဲ့ Toyota Road Show မှာ ကားအစီးရေ ၈၀ ကျော်ကိုရောင်းချနိုင်ခဲ့ပြီဖြစ်ပါတယ်။ Road Show ကာလအတွင်း Land Crusier, Fortuner, Vios, Camry, Double Cab, Extra Cab, Hiace, Corolla တို့အပြင် ပြည်တွင်းစျေးကွက်မှာ မိတ်ဆက်ခဲ့တာမကြာသေးတဲ့ ကားအသစ်လေး Toyota Avanza ကိုပါ ပြသရောင်းချခဲ့တာပဲဖြစ်ပါတယ်။

မိတ်ဆက်တာမကြာလှသေးတဲ့ Toyota Avanza ကတော့ MPV (Multi Purpose Vehicle) အမျိုးအစားဖြစ်ပြီး လူ ၇ ယောက်ကနေ ၈ ယောက်အထိ လိုက်ပါစီးနှင်နိုင်မှာဖြစ်ပါတယ်။ အရွယ်အစားက SUV တွေလောက်မမြင့်ပဲ Face Lift ဒီဇိုင်းပုံစံမျိုးပါ။ ကားအတွင်းပိုင်းမှာ ထိုင်ခုံ ၃ တန်းပါဝင်ပြီး ကျယ်ဝန်းတာကြောင့် လူ ၇ ယောက်ကနေ ၈ ယောက်အထိစီးနှင်နိုင်တာဖြစ်ပါတယ်။ Dual aircon နဲ့ ၆ လက်မကျော်အရွယ်အစားရှိတဲ့ Touch Screen ကိုလည်းကားအတွင်းပိုင်းမှာတွေ့မြင်ရဉီးမှာပါ။ ဓာတ်ဆီအမျိုးအစားဖြစ်ပြီး အင်ဂျင်ပါဝါ 1.3L ရှိတာကြောင့် ဆီစားနှုန်းကတော့ ပုံမှန်အနေအထားပါပဲ။ Anti-lock braking system ပါဝင်တာကြောင့် ထိန်းချုပ်မှုစနစ်က ကောင်းမွန်နေပြီး Toyota Vehicle Security System ပါထည့်သွင်းထားတာကြောင့် မိမိရဲ့ကားကိုခိုးယူမှုရန်ကနေလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

Road Show မှာပြသခဲ့တဲ့ ကား ၈ စီးမှာ Toyota Avanza ဟာလူစိတ်ဝင်စားမှုအကောင်းဆုံးကားဖြစ်ခဲ့ပြီး အရေအတွက်တော်တော်များများကိုလည်းရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ 2018 Avanza ရဲ့စျေးနှုန်းကတော့ USD ၁၉,၅ဝဝ ဝန်းကျင်ဖြစ်ပြီး ကားတန်ဖိုး ၃၀ ရာခိုင်နှုန်းပေးသွင်းပြီး ၁ နှစ် ကနေ ၅ နှစ်အထိအရစ်ကျစနစ်နဲ့ဝယ်ယူနိုင်မှာဖြစ်တယ်လို့လဲသိရပါတယ်။

မြန်မာပလာဇာမှာကျင်းပခဲ့တဲ့ Toyota Road Show ကိုဘယ်သူတွေသွားခဲ့ကြလဲဗျ ? အတွေ့အကြုံလေးကို ကွန်းမန့်မှာမျှဝေပါဉီး..

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories