August 18, 2019

We ❤️ New Cars!

New Car News in Burmese

Toyota Motor Myanmar ဟာတော့ Dream Car Art Contest ဆိုတဲ့ အနုပညာပြိုင်ပွဲတစ်ခုကို လာမယ့် ၂၀၁၈ ဒီဇင်ဘာ ၁ ရက်နေ့ Junction City Level 2 Main Atrium မှာဖွင့်ပွဲနဲ့အတူ နံနက် ၁၀ နာရီကနေ ည ၈ နာရီအထိ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။

Dream Car Art Contest ဟာတော့ ကလေးငယ်တွေရဲ့ စိတ်ကူးထဲက ကားပုံရိပ်တွေကိုရေးဆွဲယှဉ်ပြိုင်ရမယ့် အနုပညာ ပြိုင်ပွဲတစ်ခုပဲဖြစ်ပါတယ်။ ကလေးငယ်တွေအနေနဲ့ ပြိုင်ပွဲဝင်လျှောက်လွှာတွေကို လာမယ့်စနေနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာကျင်းပမယ့် ပြိုင်ပွဲဖွင့်ပွဲကနေ ၂၀၁၉ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ ပေးပို့နိုင်မယ်လို့သိရပါတယ်။

ပြိုင်ပွဲမှာဆိုရင် ၇ နှစ်နဲ့ ၇ နှစ်အောက်၊ ၈ နှစ်နဲ့ ၁၁ နှစ်ကြား၊ ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား ဆိုပြီး အသက်အရွယ်အလိုက်အုပ်စု ၃ စုခွဲခြားထားပြီး ကလေးတွေအနေနဲ့ မိမိနဲ့သက်ဆိုင်ရာအုပ်စုမှာဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အုပ်စု ၃ စုမှာ အနိုင်ရရှိတဲ့ ကလေးတွေကို ပထမဆုအနေနဲ့ Nintendo Switch, ဒုတိယဆုအနေနဲ့ Lenovo TAB 4 8, တတိယဆုအနေနဲ့ Instax Mini 9 ဆိုပြီးပေးအပ်သွားမှာပါ။ ဒါ့အပြင် အုပ်စုအဆင့်မှာအနိုင်ရရှိသူတွေဟာ နိုင်ငံတကာအဆင့်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့အတွက်ပို့ဆောင်ခြင်းခံရမယ်လို့လဲသိရပါတယ်။ နိုင်ငံတကာအဆင့်မှာ ဆက်လက်အနိုင်ရရှိသွားမယ်ဆိုရင်တော့ ဂျပန်နိုင်ငံမှာကျင်းပမယ့် ဆုပေးပွဲအခမ်းအနားကို အုပ်ထိန်းသူတစ်ဉီးနဲ့အတူ ဖိတ်ကြားခြင်းခံရမှာလည်းဖြစ်ပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ JC မှာကျင်းပသွားမှာကတော့ Dream Car Art Contest ရဲ့ဖွင့်ပွဲဖြစ်ပြီး ဖွင့်ပွဲမှာတော့ Campaign ကိုယ်စားလှယ် သရုပ်ဆောင်မယ်လိုဒီ နဲ့ သူ့ရဲ့သားငယ်၊ ကလေးသရုပ်ဆောင် ထိပ်ထားသခင် တို့ပါဝင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ဖွင့်ပွဲတက်ရောက်သူ ကလေးငယ်တွေအနေနဲ့ အခမဲ့ ပန်းချီဆွဲနိုင်မှာဖြစ်သလို ပြိုင်ပွဲအတွက် လျှောက်လွှာတင်ရင် အထူးလက်ဆောင်အိတ်တွေပါပေးအပ်သွားမယ်လို့သိရပါတယ်။ ကားချစ်သူမိတ်ဆွေတွေအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ အနုပညာ Talent ရှိသူကလေးငယ်တွေနဲ့ အနုပညာစိတ်ဝင်စားသူကလေးငယ်တွေကို လက်တို့ကြဖို့တော့လိုအပ်ပါလိမ့်မယ်နော်။

ပြိုင်ပွဲအတွက်လျှောက်လွှာတင်ရမယ့်နေရာ၊ အချိန်၊ လျှောက်လွှာပုံစံနဲ့ ပြိုင်ပွဲအကြောင်းအပြည့်အစုံကိုတော့ Toyota Motor Myanmar ကနေတဆင့်သွားရောက်လေ့လာနိုင်ပါတယ်။

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories