August 15, 2018

We ❤️ New Cars!

New Car News in Burmese

Toyota GAZOO Racing အနေနဲ့ Lexus LC နဲ့ ၂၀၁၈ Nürburgring မှာဝင်ရောက်ယှဉ်ပြိုင်မယ့် အကြောင်းကိုလွန်ခဲ့တဲ့နာရီအနည်းငယ်လောက်ကမှကြေညာခဲ့တာဖြစ်ပါတယ်။ Nürburgring ပြိုင်ပွဲကတော့နှစ်စဉ်ကျင်းပနေကျ ပြိုင်ပွဲတစ်ခုဖြစ်ပြီး ၂၀၁၈ မှာကျင်းပမှာကတော့ ၄၆ ကြိမ်မြှောက်ပါ။ ပြိုင်ပွဲဝင်မယ့်ကားတွေက ၂၄ နာရီမရပ်မနားယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။

Nürburgring ၂၄ နာရီပြိုင်ပွဲကိုတော့ ဂျာမနီမှာကျင်းပမှာဖြစ်ပြီး စတင်မယ့် ရက်အတိအကျကတော့ မေလ ၁၂ ရက်နေ့ပဲဖြစ်ပါတယ်။ ပြိုင်ပွဲက ၂၄ နာရီဖြစ်တာကြောင့် ၁၂ ရက်နေ့ကနေ ၁၃ ရက်နေ့အထိတောက်လျှောက်ဖြစ်သွားမှာပါ။ TOYOTA GAZOO Racing ဟာ “making ever-better cars” ဆိုတဲ့သူတို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကြောင့် Nürburgring ၂၄ နာရီပြိုင်ပွဲ မှာယှဉ်ပြိုင်တာပဲဖြစ်ပါတယ်။

GAZOO Racing အနေနဲ့ Nürburgring ကို ၂၀၀၇ ခုနှစ်ကနေစတင် ပြိုင်ဆိုင်ခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်အပါအဝင်ဆို ၁၂ ကြိမ်မြှောက်ရှိပါတယ်။ အဲ့တာကြောင့် အတွေ့အကြုံအားဖြင့်ကြည့်ရင်လည်း မနုနယ်လှပါဘူး။ ပြိုင်ပွဲမှာပါဝင်ခဲ့တဲ့ကားတွေကို  TOYOTA GAZOO Racing ရဲ့ အင်ဂျင်နီယာတွေ၊ စက်ပိုင်းဆိုင်ရာကျွမ်းကျင်သူတွေ ပေါင်းပြီး ဖန်တီးတည်ဆောက် ခဲ့တာဖြစ်ပါတယ်။

မကြာခင်ပြိုင်ပွဲဝင်ရမယ့် Lexus LC ကိုလည်း GAZOO Racing ရဲ့ အင်ဂျင်နီယာတွေ၊ စက်ပိုင်းဆိုင်ရာကျွမ်းကျင်သူတွေ ပေါင်းပြီး မြင့်မားတဲ့နည်းပညာတွေနဲ့ upgrade ပြုလုပ်ပြီးပြီဖြစ်ပါတယ်။ ကားကိုဘာနည်းပညာတွေအသုံးပြုပြီး upgrade လုပ်ထားလဲဆိုတာကတော့ Nürburgring ၂၄ နာရီပြိုင်ပွဲ မှာသိရတော့မှာပါ။

The four drivers for this race will be Takeshi Tsuchiya, as the chief driver, along with young drivers Takamitsu Matsui, Naoya Gamo, and Yuichi Nakayama. TOYOTA GAZOO Racing will push the limits for better cars and refine young drivers so that the whole team can pull together and complete the Nürburgring 24 Hours race.
Source :newsroom.toyota.co.jp

Nürburgring ၂၄ နာရီပြိုင်ပွဲ မှာတော့ Takeshi Tsuchiya, Takamitsu Matsui, Naoya Gamo, Yuichi Nakayama အစရှိတဲ့ မောင်းနှင်သူ လေးဉီးပါဝင်မှာပါ။ သူတို့လေးယောက် ပေါင်းပြီး Nürburgring ပြိုင်ပွဲကိုပြီးမြှောက်အောင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

 

Auto News , New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories