August 19, 2018

We ❤️ New Cars!

New Car News in Burmese

အမေရိကန်နိုင်ငံရဲ့ရောင်းအားအကောင်းဆုံး ကားတွေထဲမှာပါဝင်တဲ့ Toyota Camry 2018 မော်ဒယ်ကတော့ WardsAuto ရဲ့ “Delightfully Daring” ဆိုတဲ့ချီးမွမ်းစကားနဲ့အတူ Wards ရဲ့ 2018 10 Best Interiors List ထဲမှာပါဝင်ခဲ့ပြီဖြစ်ပါတယ်။ Detroit Cobo Center မှာကျင်းပခဲ့တဲ့ Wards Auto Interiors Conference မှာ Wards ရဲ့ 10 Best Interior List မှာဖော်ပြခြင်းခံလိုက်ရတာပဲဖြစ်ပါတယ်။

WardsAuto ရဲ့အယ်ဒီတာအဖွဲ့က 2018 Toyota Camry ရဲ့အတွင်းပိုင်းအနေအထားဟာ အနုပညာလက်ရာမြောက်တယ်၊အသေးစိတ်ကျတယ်၊ Function တွေစုံလင်တယ်၊ နည်းပညာပိုင်းကလည်း ကောင်းမွန်နေတယ်လို့ချီးမွမ်းထားပါတယ်။ ဒါ့အပြင်ဆုံးဖြတ်သူအချို့ကလည်း Camry ရဲ့အတွင်းပိုင်းဟာ သက်သောင့်သက်သာရှိနေပြီး ထိုင်ခံအနေအထားကလည်း သေသပ်လှတယ်၊ အတွင်းပိုင်းကို ဆေးမှုတ်ထားတာလည်း တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် အထူးသဖြင့်အနီရောင်သုံးထားတာလေးဆိုရင်တော်တော်လေးအဆင်ပြေတယ်လို့ ချီးမွမ်းထားပါသေးတယ်။

ဘာလို့အခုလိုချီးမွမ်းချက်တွေက ကောင်းနေတာလဲဆိုတာကို သိချင်ရင်တော့ အောက်က Camry ရဲ့အတွင်းပိုင်းဒီဇိုင်းကိုဖော်ပြထားတဲ့ ဗီဒီယိုကိုသာရှိုးလိုက်ပါ။

ဗီဒီယိုထဲမှာ Camry ရဲ့ Advanced driver-assistance programs ကိုပါပြထားပါတယ်။ (မမြင်လိုက်ရင် ဗီဒီယိုကိုပြန်ရှိုးပါလေနော် 😆) အယ်ဒီတာတွေကိုယ်တိုင်ကလည်း Camry ရဲ့ driver-assistance program (ADAS) ကို mid-size sedan ထဲမှာ ကောင်းမွန်တဲ့အထားတစ်ခုဖြစ်တယ်လို့ ချီးမွမ်းထားသေးတာနော်… အချဉ်တော့မဟုတ် 🤣)

 

Source 1, 2

Auto News

Leave a Reply

Your email address will not be published. Required fields are marked *