August 19, 2018

We ❤️ New Cars!

New Car News in Burmese

Toyota အနေနဲ့ ၂၀၁၇ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိရရှိခဲ့တဲ့ C-HR (Couple High-Rider) model ရဲ့ ရောင်းအားရလဒ်ကို လွန်ခဲ့တဲ့နာရီအနည်းငယ်ကမှကြေညာခဲ့တာဖြစ်ပါတယ်။ Toyota အနေနဲ့ C-HR model ကို ၂၀၁၇ အတွင်းမှာပဲ ၁၁၇၂၉၉ စီးအထိရောင်းချနိုင်ခဲ့တာပါ။ တစ်နှစ်အတွင်း တစ်သိန်းကျော်ရောင်းချနိုင်ခဲ့တာကြောင့်တော်တော်ကောင်းတဲ့ရလဒ်တစ်ခုဖြစ်ပါတယ်။ ရလဒ်ဟာ ဂျပန်မှာရှိတဲ့ တခြား automaker တွေ SUV (Sport Utility Vehicle) ကိုရောင်းချနိုင်မှုထက်များပြားနေတာကြောင့် ရောင်းအားအကောင်းဆုံး SUV အဖြစ်ရပ်တည်နေတာပါ။

Toyota Motor Corporation today revealed strong results for its C-HR model in 2017(Jan.-Dec.), with sales topping 117,299 units1, earning the top spot among all automakers in the number of new SUVs sold in Japan in 2017.
Source :newsroom.toyota.co.jp

C-HR model ကိုစတင်မိတ်ဆက်ခဲ့တာကတော့ ၂၀၁၆ ဒီဇင်ဘာလကပဲဖြစ်ပါတယ်။ SUV အနေနဲ့မိတ်ဆက်ခဲ့တာဖြစ်ပြီး ဒီဇိုင်းပိုင်းရော၊ အရည်အသွေးပိုင်းရော ကို Toyota ကတာဝန်ယူပြီးဆောင်ရွက်ထားတာပါ။ ၂၀၁၇ သြဂုတ်မှာတော့ C-HR model အတွက်မတူညီတဲ့ အရောင်နှစ်ခုကိုဖန်တီးခဲ့ပါတယ်။ ထိုနည်းတူ ၂၀၁၇ နိုဝင်ဘာလမှာလည်း ကားရဲ့ဘေးကမီးနှစ်ဖက်ကို upgrade လုပ်ထားတဲ့  Edition တစ်ခုကိုထပ်မံပေါင်းထည့်ခဲ့ပါသေးတယ်။

ဖန်တီးမှု၊ ကြိုးစားမှု ရဲ့ရလဒ်ပါပဲ။ 💪🏻

Auto News

Leave a Reply

Your email address will not be published. Required fields are marked *