December 10, 2018

We ❤️ New Cars!

New Car News in Burmese

Honda ရဲ့ ထိပ်တန်းရောင်းအားအကောင်းဆုံးကားမော်ဒယ် ၃ ခုကတော့ “2018 Edmunds Best Retained Value” ဆုကို ပိုင်ဆိုင်သွားပြီပဲဖြစ်ပါတယ်။ ဆု ရရှိသွားတဲ့ ကားမော်ဒယ်တွေကို မပြောခင် Edmunds အနေနဲ့ “Best Retained Value” ဆုပေးတဲ့အခါဘာတွေကြည့်လဲဆိုတာ အရင်ဉီးဆုံးပြောပါရစေ။ Edmunds ဟာ ကားပိုင်ရှင် နဲ့ ကား တို့ရဲ့ ၅ နှစ်တာသက်တမ်း ပတ်သက်မှုကို ကြည့်တာပါ။ ၅ နှစ်တာကာလအတွင်းမှာ ကား အတွက် ကားပိုင်ရှင်ကုန်ကျမယ့် ငွေကြေးပမာဏ၊ ကားကိုပြန်ရောင်းတဲ့အခါ ရရှိမယ့် အမြတ်အစွန်း အစရှိတာတွေကို တွက်ချက်ပြီး “Best Retained Value” လို့သတ်မှတ်တာဖြစ်ပါတယ်။ ခြုံပြောရရင် ကားပိုင်ရှင်ကို အကျိုးအမြတ်ဖြစ်စေမယ့် ကားမျိုးမှသာ “Best Retained Value” အဖြစ်သတ်မှတ်တာပါ။

Best Retained Value ဆုနဲ့ပတ်သက်ပြီး Edmund ရဲ့ CEO ဖြစ်သူ Avi Steinlauf က

“ကားအသစ်တစ်စီး ဝယ်ယူခြင်းဟာ ငွေရေးကြေးရေး နဲ့ပတ်သက်ပြီး ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချရတာပါ။ အဲ့တာကြောင့်ကျွန်တော်တို့ဟာ ကားဝယ်သူတွေ ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်နဲ့ ဝယ်ယူနိုင်ဖို့ “2018 Edmunds Best Retained Value” ဆုကို ဖန်တီးလိုက်ရတာပဲဖြစ်ပါတယ်။ အခု ၂၀၁၈ မှာဆု ရရှိသွားတဲ့ ကားမော်ဒယ်တွေဟာလည်း အရည်အသွေးပိုင်းပြည့်ဝသလို ယုံကြည်စိတ်ချရလို့ရတဲ့ကားတွေပါ၊ ဒါ့အပြင် စတင်ဝယ်ယူတဲ့အချိန်က တန်ဖိုးအတိုင်းဆက်လက်တည်ရှိနေဉီးမယ့် ကားတွေလည်း ဖြစ်ပါတယ်”
Source: www.edmunds.com

လို့ပြောကြားခဲ့တာပါ။

အဲ့လို ၅ နှစ်တာမှတ်တမ်းကိုကြည့်ပြီး ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ပေးတဲ့ “2018 Edmunds Best Retained Value” ဆုကို ရရှိခဲ့တာကတော့ 2018 Honda Accord, Honda Civic နဲ့ Honda CR-V တို့ပဲဖြစ်ပါတယ်။ Honda Accord က Midsize Car အမျိုးအစား၊ Honda CR-V က Compact SUV အမျိုးအစား နဲ့ Honda Civic က Compact Car အမျိုးအစား အစရှိတဲ့အမျိုးအစား တစ်နေရာစီကနေ Best Retained Value ဆုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

Honda ကားမော်ဒယ်တွေအပြင် “2018 Edmunds Best Retained Value” ကိုပိုင်ဆိုင်ခဲ့တဲ့ တခြားကားမော်ဒယ်တွေကို သိချင်ရင်တော့ www.edmunds.com ကနေတဆင့်သွားရောက်လေ့လာနိုင်ပါတယ်။

 

2018 Honda Civic

 

2018 Honda Accord

 

2018 Honda CR-V

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories