June 21, 2018

We ❤️ New Cars!

New Car News in Burmese

Honda ဟာပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့က Honda model တွေအားလုံးအတွက် သစ်ခွပုလဲဖြူရောင် ရောက်ရှိလာပြီဆိုတဲ့အကြောင်းကိုကြေညာခဲ့တာဖြစ်ပါတယ်။ Jazz, City, BR-V နဲ့ HR-V အစရှိတဲ့ model တွေရဲ့ အဖြူရောင်တောက်တောက်ကားတွေနေရာမှာ  သစ်ခွပုလဲဖြူရောင် ဟာလည်းမကြာခင်မှာပဲအစားထိုးရောက်ရှိလာတော့မှာပါ။

Honda Malaysia today announced that the new premium colour, White Orchid Pearl will replace the Taffeta White colour for Jazz, City, *BR-V and *HR-V.
Source :hondanews.asia

သစ်ခွပုလဲဖြူရောင်ကိုတော့ Honda Malaysia ဟာ Civic CKD နဲ့ Accord model မှာ ၂၀၁၆ ကမိတ်ဆက်ခဲ့ဖူးပါတယ်။ Civic မှာ ၃၈ ရာခိုင်နှုန်း၊ Accord မှာ ၃၃ ရာခိုင်နှုန်းအထိ သစ်ခွပုလဲဖြူရောင် edition ကိုထည့်သွင်းရောင်းချခဲ့တာပါ။ သစ်ခွပုလဲဖြူရောင် edition ကို ဝယ်သူတွေကြိုက်နှစ်သက်မှု ကြောင့် ကောင်းမွန်ရလဒ်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ရလဒ်တွေကြောင့်ပဲ Honda အနေနဲ့ သစ်ခွပုလဲဖြူရောင်ကို နောက် model တစ်ခုဖြစ်တဲ့ CR-V မှာလည်းထပ်မံထည့်သွင်းမိတ်ဆက်လာပါတယ်။ အဲ့ဒီမိတ်ဆက်မှုကြောင့်ပဲ Honda CR-V ရဲ့ရောင်းအားဟာ အရင်နှစ်ကထက် ၂၆ ရာခိုင်နှုန်းအထိမြှင့်တက်လာတာခဲ့ပါတယ်။

အဲ့လိုနဲ့ သစ်ခွပုလဲဖြူရောင်ဟာ Honda ကားတွေထဲကလူကြိုက်အများဆုံးအရောင် တစ်ခုအဖြစ်ရပ်တည်လာပါတော့တယ်။ ကြားထဲမှာလည်း Honda အနေနဲ့ သစ်ခွပုလဲဖြူရောင် edition ကားတွေကိုထပ်မံထုတ်လုပ်ခဲ့ပါသေးတယ်။ BR-V နဲ့ HR-V တို့အတွက် သစ်ခွပုလဲဖြူရောင် edition ကိုတော့ ၂၀၁၈ ဖေဖော်ဝါရီလ ထဲမှာတွေ့မြင်ရတော့မှာပါ။ Honda ရဲ့တရားဝင်ခွင့်ပြုချက်ရပြီးရောင်းချနေတဲ့နိုင်ငံတိုင်းမှာ သစ်ခွပုလဲဖြူရောင် edition ကားလေးတွေကိုဝယ်ယူနိင်မှာပဲဖြစ်ပါတယ်။

Honda BR-V (White Orchid Pearl)

 

Honda HR-V (White Orchid Pearl)

 

 

Honda City (White Orchid Pearl)

 

Honda Jazz (White Orchid Pearl)

 

Auto News , New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories