May 22, 2018

We ❤️ New Cars!

New Car News in Burmese

Nissan Myanmar ဟာ မတ်လ နောက်ဆုံးအပတ် ၂၅ ရက်နေ့ (တနင်္ဂနွေနေ့) မှာ Sunny ကြိုက်နှစ်သက်သူတွေအတွက် 2018 Nissan Sunny ကားအသစ်ကြီး စမ်းသပ်မောင်းနှင်ခွင့်ပေးမယ့် အစီအစဉ်တစ်ခုကို ဖန်တီးလိုက်ပြီပဲဖြစ်ပါတယ်။ အစီအစဉ်အချိန်ကတော့ နေ့လည် ၁၂ နာရီခွဲ ကနေ ညနေ ၄ နာရီခွဲအထိဖြစ်ပြီး ပြုလုပ်မယ့်တည်နေရာကတော့ The Beer Factory ဖြစ်ပါတယ်။

Sunny အသစ်ကြီးကိုစမ်းသပ်မောင်းနှင်ခွင့်ပေးရုံသာမက အစားအသောက်တွေနဲ့ဧည့်ခံမယ့်အပြင် အရစ်ကျဝယ်ယူလိုသူတွေအတွက် ဘဏ်နဲ့ချိတ်ဆက်ဆွေးနွေးမှုတွေကိုပါ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။ 2018 Nissan Sunny ကြီးကိုစမ်းသပ်ခံစားမောင်းနှင်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်ကနေတဆင့် စာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်။

Register Now!

မိတ်ဆွေမောင်းချင်တဲ့အချိန်၊ လိုင်စင်နဲ့ ကိုယ်ရေးရာဇာဝင်အချို့ကို လင့်ခ် ကနေစာရင်းပေးသွင်းပြီးရင်တော့ မေလ ၂၅ ရက်နေ့မှာ 2018 Sunny ကြီးကို The Beer Factory မှာအထာကျကျစမ်းသပ်မောင်းနှင်နိုင်ပါပြီ။


Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories