December 12, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်က သက်တမ်း ၂၀ ပြည့်ပြီးသားကားတွေဖြစ်တဲ့ ၁၉၉၈ မော်ဒယ်အောက်ကားတွေကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် သွားရောက်မအပ်နှံရင် အခွန်နှုန်းထားပေးဆောင်ရမှာပဲဖြစ်ပါတယ်။ ၁၉၉၈ မော်ဒယ်ကားတွေရဲ့အခွန်ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်လိုင်စင် YVQC စနစ်လုပ်ဆောင်နေသူ တာဝန်ရှိသူတစ်ဉီးကလည်းအောက်ပါအတိုင်းပြောကြားထားပါတယ်။

” ရန်​ကုန်​လိုင်​စင်​​ကို ခွဲတန်​းလက်မှတ်​​စနစ်​နဲ့​ ရောင်​းတဲ့အခါမှာ ရန်​ကုန်​မှာရှိ​နေတဲ့ နယ်​လိုင်​စင် ကား​တွေ​ရော၊ သက်​တမ်​း နှစ်​ ၂၀ ပြည်​့ပြီးကား​တွေကိုရော အခွန်​​ကောက်​တာ​တွေလုပ်​သွားမှာပါ။ ဒါကလည်​း အ​စတည်​းက ရာထားပြီး သားဖြစ်​ပါတယ်​။ အစိုးရအဖွဲ့ကို အဆင့်ဆင့် ​​တင်​ပြပြီးမှ လုပ်​ရမှာပါ။ ”
Source :carsdb

၁၉၉၈ မော်ဒယ်ကားတွေမောင်းနှင်သူတွေကတော့ တော်တော်ရှားလှပါတယ်။ ကားဟောင်း အခွန်စနစ်ကလည်း မစတင်သေးတာကြောင့် သက်တမ်း ၂၀ အောက်ကားမော်ဒယ် ပိုင်ရှင်တွေအနေနဲ့ မိမိရဲ့ကားကို ယာဉ်အိုယာဉ်ဟောင်းအဖြစ်အပ်နှံဖို့အချိန်ကောင်းပါပဲ။ (အခွန်မဆောင်ချင်ရင်ပေါ့) ရန်​ကုန်​လိုင်​စင်​အတွက်​ Yangon Vehicle Quota Certificate (YVQC) စနစ်ကို ဧပြီလမှာ စတင်ရောင်းချတော့မှာပါ။ YVQC ကိစ္စပြီးတာနဲ့ သက်တမ်းရင့်ကားမော်ဒယ်အခွန်ကောက်ခံမှုစနစ်ကို စတင်အကောင်ထည်ဖော်တော့မှာဖြစ်တယ်လို့ မျှော်လင့်ထားနိုင်ပါတယ်။

 

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories