October 18, 2018

We ❤️ New Cars!

New Car News in Burmese

Suzuki Motor Corp ရဲ့ ကုမ္ပဏီခွဲလေးတွေဖြစ်ကြတဲ့ Maruti Suzuki India Limited နဲ့ Suzuki Motor Thailand တို့မှာ Swift ကားအသစ်လေးတွေကိုထုတ်လုပ်ခဲ့ပြီဖြစ်သလို ထုတ်လုပ်ပြီး Made-in India နဲ့ Made-in Thailand ကားတွေကိုလည်း တရားဝင်ချပြနေပြီဖြစ်ပါတယ်။ ဒီသတင်းကိုတော့ Suzuki Motor Corp ရဲ့တရားဝင် ဝက်ဘ်ဆိုဒ်ကဖော်ပြထားပါ။

Made-in India Swift အသစ်လေးဟာတော့ third-generation ဖြစ်ပြီး diesel အင်ဂျင် ၁.၂ နဲ့ အင်ဂျင် ၁.၃ ဆိုပြီးအမျိုးအစားနှစ်မျိုးထွက်ရှိထားပါတယ်။ ပြီးတော့ transmission မှာလည်း five-speed manual transmission ကို Auto Gear Shift (AGS) ပေါင်းထည့်ထားပါတယ်။ Maruti Suzuki ဟာ Swift ကိုတော့ ၂၀၀၅ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ စတင်ထုတ်လုပ်ချိန်မှာ ဒီဇယ်အင်ဂျင် နဲ့ Sedan (သို့) Saloon model ပုံစံနဲ့စတင်မိတ်ဆက်ခဲ့ရာတဖြည်းဖြည်းနဲ့ ရောင်းအားတွေမြင့်တက်လာပြီး Maruti Suzuki ရဲ့အဓိက ကားမော်ဒယ်တစ်ခုအဖြစ်ရပ်တည်လာခဲ့ပါတယ်။ ၂၀၁၇ ဒီဇင်ဘာလ အပြီးအထိဆိုရင် Swift ရဲ့ရောင်းအားဟာ ယာဉ်အစီးပေါင်း ၃.၃၅ မီလီယမ်အထိရှိခဲ့တာလည်းဖြစ်ပါတယ်။

Made-in Thailand Swift ဟာတော့ second generation ဖြစ်ပြီး ၁.၂ လီတာ DUALJET အင်ဂျင် နဲ့ CVT (Continuously variable transmission) ပါဝင် ပါတယ်။ Suzuki Motor Thailand (SMT) ဟာတော့ Swift ကို ၂၀၁၂ ကမှ ထိုင်းအစိုးရကူညီထောက်ပံ့ပေးတဲ့ eco-car project ကြောင့်စတင်ထုတ်လုပ်တာပါ။ အဲ့ဒီအချိန်တုန်းက ထိုင်းအစိုးရဟာ eco-friendly compact passenger vehicle တွေထုတ်လုပ်ဖို့အားစိုက်နေတဲ့အချိန်ပဲဖြစ်ပါတယ်။ ၂၀၁၂ ထုတ် Swift ကိုတော့ ထိုင်းမှာတင်မက အာဆီယံနိုင်ငံတွေမှာလည်းကျယ်ကျယ်ပြန့်ပြန့်ရောင်းချနိုင်ခဲ့တာပါ။

အိန္ဒိယက Swift အသစ်၊ ထိုင်းရဲ့ Swift အသစ် နှစ်မျိုးရဲ့ အင်ဂျင်ပါဝါက ၁ ကျော်သာရှိသာကြောင့် ဆီ စားတာကြမ်းမှာတော့စိတ်ပူစရာမလိုအပ်လောက်ပါဘူး။

Auto News , New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories