September 25, 2018

We ❤️ New Cars!

New Car News in Burmese

Suzuki Myanmar Road Show ကိုတော့ မတ်လ ၈ ရက်နေ့ (မနက်ဖြန်) ကနေ ၉ ရက်နေ့အထိ မြန်မာပလာဇာ မှာကျင်းပသွားမှာဖြစ်ပါတယ်။ ကျင်းပမယ့်အချိန်ကတော့ နံနက် ၉ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပြီး Road Show မှာရောင်းချသွားမယ့်ကားတွေကတော့ Suzuki Super Carry, Ertiga, Ciaz တို့ပဲဖြစ်ပါတယ်။ ကားအားလုံးကို ရန်ကုန်လိုင်စင်အမည်ပေါက် နဲ့ဝယ်ယူနိုင်မှာဖြစ်ပြီး Ciaz နဲ့ Ertiga ကို ၁ နှစ်ကနေ ၅ နှစ်၊ Super Carry ကို ၁ နှစ်တိတိ အရစ်ကျ ဝယ်ယူနိုင်မှာဖြစ်တယ်လို့လဲ သိရှိရပါတယ်။

Suzuki Super Carry (Manual Gear) ကို စျေးနှုန်း ၈,၁၇၀,၀၀၀ ကျပ်၊ အာမခံ ၁ နှစ် (သို့) ကီလို ၂ သောင်း၊ ရန်ကုန်လိုင်စင်အမည်ပေါက် 970cc နဲ့ဝယ်ယူနိုင်မှာပါ။

Suzuki Ertiga (Auto Gear) ကို စျေးနှုန်း ၂၃,၁၇၀,၀၀၀ ကျပ်၊ အာမခံ ၃ နှစ် (သို့) ကီလို ၁ သောင်း၊ ရန်ကုန်လိုင်စင်အမည်ပေါက် 1400cc နဲ့ဝယ်ယူနိုင်မှာပါ။

Suzuki Ciaz (Auto Gear) ကိုတော့စျေးနှုန်း ၂၄,၆၇၀,၀၀၀ ကျပ်၊ အာမခံ ၃ နှစ် (သို့) ကီလို ၁ သောင်း၊ ရန်ကုန်လိုင်စင်အမည်ပေါက် 1400cc နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဖော်ပြထားတဲ့ကားစျေးနှုန်းတွေက အခွန်နှုန်းထားမပါဝင်သေးတဲ့ ကားသီးသန့်စျေးနှုန်းတွေပါ။ ဒါ့အပြင် Suzuki Myanmar Motor မှ Brand New ကားအသစ်ကြီးတွေကို ဝယ်ယူထားတဲ့မိတ်ဆွေအနေနဲ့ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်မြို့တို့မှာရှိတဲ့ Suzuki Showroom တွေမှာ အခမဲ့ဝန်ဆောင်မှုတွေခံစားနိုင်မှာဖြစ်တယ်လို့လဲသိရှိရပါတယ်။

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories