October 18, 2018

We ❤️ New Cars!

New Car News in Burmese

Suzuki Myanmar အနေနဲ့ သူ့ရဲ့ Car Showroom အသစ်ကို ပြီးခဲ့တဲ့ စနေနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကပဲ နေပြည်တော်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ နေပြည်တော် အမှတ် (၂၂) စစ်ကိုင်းလမ်းဇဝနသိဒ္ဒိရပ်ကွက်ဥတ္တရသီရိမြို့နယ် မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဖွင့်ပွဲကို ပြည်ထောင်စုလွှတ်တော်နာယက ဉီးမန်းဝင်းခိုင်သန်း နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဉီးသန့်ဇင်မောင် တို့က တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ Car Showroom အသစ်ဟာ Suzuki Myanmar Motor ရဲ့ ၂၅ ခုမြောက် ပြည်တွင်း Showroom ဖြစ်ပြီး နေပြည်တော်မှာတော့ ၃ ခုမြောက် Car Showroom ဖြစ်တယ်လို့ဆိုထားပါတယ်။ အခုလက်ရှိပြည်တွင်းမှာ ရောင်းအားအကောင်းဆုံးအဖြစ်ရပ်တည်နေတဲ့ Suzuki ကားတွေကတော့ Ertiga နဲ့ Ciaz တို့ပဲဖြစ်ပါတယ်။ Ertiga နဲ့ Ciaz တို့ကို ၅ နှစ်တာကာလ အထိ ငွေအရစ်ကျပေးပြီးဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ယခု ၂၀၁၈ ခုနှစ်မှာ Suzuki Myanmar Motor အနေနဲ့ တစ်လမှာ ကားအစီးရေတစ်ထောင်ကျော်အထိထုတ်လုပ်သွားဖို့ ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။ Suzuki Myanmar Motor က ကားဝယ်ယူရင် ဝင်ငွေအခွန်က ကားတန်ဖိုးရဲ့  ၁၅ ရာခိုင်နှုန်းအထိပေးဆောင်ရမှာပါ။ ငွေဖြူပြနိုင်ရင်တော့ အခွန်ကင်းလွတ်မယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် Suzuki Brand New ကားအသစ်ဝယ်ယူထားသူအနေနဲ့ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင် Showroom တို့မှာလက်ခ အခမဲ့ Servicing လုပ်နိုင်ကြောင်းလည်း သိရှိရပါတယ်။

 

 

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories