November 17, 2018

We ❤️ New Cars!

New Car News in Burmese

၂၀၁၇ ထဲမှာ Bentley ရရှိခဲ့တဲ့ဆုတချို့ကို ပထမဉီးဆုံးဖော်ပြပေးသွားပါ့မယ်။ The New Continental GT နဲ့ Global ကဆု ၄ ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။  Bentayga နဲ့ဆိုရင် ၂၀၁၇ အတွင်းမှာ “SUV of the Year” ဆု အပါအဝင် ဆုပေါင်း ၇ ဆုကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ Flagship Mulsanne အနေနဲ့လည်း “Single best way to travel in a car” ဆိုပြီးသတ်မှတ်ခြင်းလည်းခံခဲ့ရပါသေးတယ်။ British ဇိမ်ခံပစ္စည်း brand တစ်ခုဖြစ်တဲ့ Bentley ဟာဆိုရင် ၂၀၁၇ အတွင်းမှာပဲ ဆု ပေါင်း ၂၀ ကျော်ကိုဆွတ်ခူးခဲ့တာပါ။

ပထမဉီးဆုံး ဆု ရရှိခဲ့တာကတော့ The New Continental GT နဲ့ပဲဖြစ်ပါတယ်။ The New Continental GT ကို လွန်ခဲ့တဲ့ စက်တင်ဘာလကမှ IAA Frankfurt မှာစတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ‘GT of the Year’, ‘Best Luxury Auto’ , ‘Best Gran Turismo Sports Car’ စတာတွေအပါအဝင် Global ကဆု ၄ ဆုပေးအပ်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Interior Design Magazine က The New Continental ရဲ့ ဒီဇိုင်းပိုင်းကိုတွေ့ရှိပြီးတော့ “Automotive Overall Design” အမည်နဲ့ဆု ချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါတင်မကသေးပဲ တခြား ဂျာနယ်ပိုင်းဆိုင်ရာ company တွေကလည်း “Best Gran Sports Car”, “Best Luxury Auto” အစရှိတဲ့အမည်တွေနဲ့လည်း ဆု ချီးမြှင့်ခဲ့ပါသေးတယ်။

Editor, Robert Ross, commented: “If the best way to fly is ‘private,’ Bentayga is general aviation’s four-wheeled equivalent. There is no getting around the fact that Bentley’s Bentayga was the run-away winner.”
Source :bentleymedia.com

Bentayga အနေနဲ့ “SUV of the Year” ဆု ကိုတော့ Robb Report  Magazine company ကချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ Company ရဲ့ အယ်ဒီတာ ဖြစ်သူ Robb Ross ကလည်း အခုလိုမျိုး Comment အကောင်းကြီးတွေပေးခဲ့ပါသေးတယ်။

နောက်တစ်ခုကတော့ Bentley ရဲ့ Flagship Mulsanne ကြောင်းပါ။ Flagship Mulsanne အနေနဲ့လည်း ၂၀၁၇ အတွင်းမှာ GQ magazine ရဲ့ “Best Autonomous Car” ဆု အပါအဝင် Global ကဆု ပေါင်း ၄ ခုကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ Mulsanne အတွက် ဒိုင်တွေရဲ့ ဝေဖန်ချက်ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

Judges saying of the Extended Wheelbase model: “The stretched rear cabin of the already vast Mulsanne is the single best way to travel in a car without driving – one of the few cars with the largesse and scale to truly call itself a flagship.”
Source :bentleymedia.com

Bentley အနေနဲ့ Walpole မှာ “Luxury Maker of the Year” အမည်နဲ့ ဆုကို ရရှိခဲ့သလို တစ်ဖက်မှာလည်း Crewe မှာရှိတဲ့ Bentley ရဲ့အမိ company ကလည်း “Top Employer” အမည်ရှိတဲ့ဆု ကို Top Employers’ Institute ကပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။ ရရှိထားတဲ့ ဆုတွေကတော့ အများကြီးပါပဲ။ ကြိုးစားမှုရဲ့ရလဒ်လို့ပဲဆိုရမှာပါ။ အောက်ကပုံလေးကတော့ Bentley Motors Limited ရရှိခဲ့တဲ့ ဆု အမည်တွေနဲ့ တည်နေရာတွေပဲဖြစ်ပါတယ်။

 

 

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: