July 17, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ရန်ကုန်ဘူတာကြီးအထိ ကမ္ဘာအေးဘုရားလမ်းမကြီးအတိုင်း ပြေးဆွဲသွားမယ့် YBS Airport Shuttle ဟာတော့ ဒီနေ့ ဇွန်လ ၂၂ ရက်နေ့ကစတင်ပြီး ပြေးဆွဲနေပြီဖြစ်ပါတယ်။ လေဆိပ်ကနေ ဆူးလေအထိတစ်ဉီးကို  ၅၀၀ ကျပ်နှုန်းနဲ့ စီးနှင်းလိုက်ပါရမှာဖြစ်ပေမယ့် ဒီနေ့ဟာ ပထမဉီးဆုံးစတင်ပြေးဆွဲတဲ့ ရက်ဖြစ်တာကြောင့် အခမဲ့ပြေးဆွဲပေးသွားတာဖြစ်တယ်လို့သိရပါတယ်။

စတင်ပြေးဆွဲမှုနဲ့ပတ်သက်ပြီး YBS Airport Shuttle ယာဉ်မောင်းတစ်ဉီးက

“ဒီနေ့တော့ စတင်ပြေးတာဆိုတော့ အခမဲ့ပါ။ ကျန်တဲ့နေ့တွေဆိုရင်တော့ လေဆိပ်ကနေ ဆူးလေအထိ ၅၀၀ ကျပ်ပါ။ ကျွန်တော်တို့ကအခြား YBS ကားတွေလိုမှတ်တိုင် တိုင်းမရပ်ပါဘူး။ လေဆိပ်ခရီးသည်တွေအဆင်ပြေဖို့အတွက် လုပ်တာပါ။ တကယ်လို့ ခရီးသွားပြည်သူတွေက မှတ်တိုင်တိုင်းရပ်စေချင်ရင် ကုမ္ပဏီကိုလှမ်းဆက်ပါ။ ခုလောလောဆယ်တော့ ကုမ္ပဏီကရပ်ခိုင်းတဲ့မှတ်တိုင်တွေပဲရပ်ပါတယ်”

လို့ပြောကြားခဲ့ကြောင်း သိရပါတယ်။

Airport Shuttle ယာဉ်လမ်းကြောင်းမှာဆိုရင် မှတ်တိုင် ၁၈ ခုရှိနေမှာဖြစ်ပြီး လေယာဉ်ဆိုက်ရောက်ချိန်တွေနဲ့ ချိန်ညှိပြေးဆွဲသွားမယ်လို့လဲသိရပါတယ်။ ခရီးသည်အတင်အချပြုလုပ်ပေးသွားမယ့် မှတ်တိုင်တွေကိုတော့ ဒီကနေ တဆင့်ကြည့်ရှု့နိုင်ပါတယ်။ ဒီကနေ့ ပထမဉီးဆုံးရက်မှာ ယာဉ်အစီးရေ ၃၀ ကျော်နဲ့စတင်ပြေးဆွဲသွားတာဖြစ်တယ်လို့လဲသိရပါတယ်။

Source (YBS)

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories