August 15, 2018

We ❤️ New Cars!

New Car News in Burmese

လက်ရှိမှာတော့ ကားရဲ့ Body Coach ပြောင်းလဲထားတဲ့ ကားအစီးရေ ၅၀၀ ကျော်အထိရှိနေပြီး အဲ့ဒီကားတွေထဲက အစီရေ ၂၀၀ ကျော်ဟာတော့ Body Coach ပြောင်းလဲထားမှုနဲ့ ယာဉ်မှတ်ပုံတင်ဖျက်သိမ်းခြင်းခံခဲ့ရပြီဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုးဉီးစီးငှာနကတဆင့်ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

ပို့ဆောင်ရေးမှုးဉီးစီးငှာနအနေနဲ့ အခုအစိုးရလက်ထက်မှာ ငှာနဆိုင်ရာပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကဆိုင်ရာယာဉ်ပဲဖြစ်ဖြစ် Body Coach ပြောင်းလဲမှုကို ဆောင်ရွက်ပေးထားခြင်းမရှိသေးကြောင်း နဲ့ မူလမှတ်ပုံတင်ထားတဲ့ မှတ်တမ်းဝင်ယာဉ်ကိုယ်ထည်ကို တခြားတစ်ခုနဲ့ ပြောင်းလဲအစားထိုးတာဟာ အတုကို အစစ်ဖြစ်အောင်ပြုလုပ်တာဖြစ်တယ်လို့ သတ်မှတ်ထားကြောင်းလည်းသိရှိရပါတယ်။

Body Coach မှာပါတဲ့ Bonnet၊ Bumper တံခါး၊ ထိုင်ခုံ၊ မီးခွက် အစရှိတဲ့ အစိတ်အပိုင်းတွေကို ယာဉ်တိုက်မှု (သို့) တခြားထိခိုက်မှုတစ်ခုခုကြောင့် အစားထိုးပြောင်းလဲထားတာတွေကိုတော့ Body Coach ပြောင်းလဲတယ်လို့ သတ်မှတ်ခြင်းပြုမှာမဟုတ်ပေမယ့် မှတ်တမ်းဝင်ယာဉ်ကိုယ်ထည်ကို အခြားကိုယ်ထည်နဲ့ အစားထိုးတာ၊ မူလဖရိန်အမှတ်ပါ သံပြားကိုအခြားယာဉ်မှာပြောင်းလဲတပ်ဆင်တာ၊ Chassic member တန်းကိုဖောက်ထည့်ဖြတ်ဆက်တာ နဲ့ Member တန်းပြန်လည်တွဲဆက်ပြောင်းလဲတာတွေကိုတော့ Body Coach ပြောင်းလဲထားတဲ့ ကားအဖြစ်သတ်မှတ်ပြီး အရေးယူသွားမှာလို့လဲ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုးဉီးစီးငှာနက ထပ်မံပြောကြားခဲ့ကြောင်းသိရှိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories