November 14, 2019

We ❤️ New Cars!

New Car News in Burmese

မြန်မာပြည်တွင်းဈေးကွက်မှာ ၂၀၁၁ခုနှစ်မှ၂၀၁၈ ခုနှစ်အတွင်း ကားမူဝါဒများ ၁၇ကြိမ်ဝန်းကျင်ခန့် ပြောင်းလဲခဲ့ရာ ၂၀၁၈ခုနှစ်ဇန်နဝါရီလမှစတင်ပြီး ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပြုထားတာကြောင့် ပြည်ပမှတစ်ပတ်ရစ်ညာမောင်းကားများတင်သွင်းရောင်းချနေသည့် ကားအရောင်းစင်တာ ၂၀၀ နီးပါးထဲက အရောင်းစင်တာ ၇၀ နီးပါး ပိတ်သိမ်းခဲ့တယ်လို့သိရှိရပါတယ်။

ဒီလိုမျိုးမူဝါဒအပြောင်းအလဲတွေကြောင့် ကျန်ရှိနေတဲ့အရောင်းစင်တာတွေလည်း ဆက်လက်ရပ်တည်ဖို့ ခက်ခဲတဲ့အနေအထားတွင်ရှိနေပြီး
လာမယ့်၂၀၁၉ခုနှစ်အတွင်းမှာတော့ အရောင်းစင်တာ အားလုံးပိတ်သိမ်းသွားမယ့် အခြေအနေမှာရှိနေပါတယ်။

 

ဒီကိစ္စနှင့်ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးမှ“ကားအရောင်းစင်တာအားလုံး ၂၀၀ လောက်ဖွင့်ထားတာကနေ အခုသုံးပုံ၁ပုံလောက်ကပိတ်သွားပြီ။ ကျန်တဲ့သုံးပုံနှစ်ပုံက၃နှစ်၅နှစ်စာချုပ်တွေရှိလို့သာဆက်ဖွင့်နေရတာ၊ နောက်နှစ်ထဲမှာတော့အရောင်းစင်တာတွေအကုန်ပိတ်သွားနိုင်တယ်။“လို့ပြောကြားထားဖူးတာတွေလည်း ရှိခဲ့ဖူးတယ်ဆိုတော့ တစ်ပတ်ရစ်မော်တော်ယာဉ်တင်သွင်းကုမ္ပဏီတွေရဲ့ (၂၀၁၉)ခုနှစ် အနေအထားကတော့ ရင်လေးစရာဖြစ်နေပါပြီ။

 

ညာမောင်းတစ်ပတ်ရစ်ကားများတင်သွင်းခွင့်မရှိတော့တဲ့အတွက် ကားအရောင်းစင်တာတွေက ပိတ်သိမ်းဖို့တင်ပြရာမှာ သက်ဆိုင်ရာကြီးကြပ်ရေးကော်မတီထံသို့ ပိတ်သိမ်းမည်ဖြစ်ကြောင်း တင်ပြပြီးမှသာ၊ ငွေစာရင်းရှင်းတမ်းများ  ၊ deposit ထားရှိခြင်း၊ အခွန်ကိစ္စရှင်းလင်းစေခြင်း၊မော်တော်ယာဉ်များလက်ကျန်၊ရောင်းချ၊ငွေလွှဲလက်ကျန် စာရင်းရှင်းလင်းစေခြင်းတို့အားပြုလုပ်ပြီးမှသာအရောင်းစင်တာ ပိတ်သိမ်းခြင်းကို ဆောင်ရွက်စေမှာဖြစ်တယ်လို့ သိရှိရပါတယ်။

 

လွန်ခဲ့တဲ့လတွေတုန်းကလည်း သတ်မှတ်စည်းကမ်းချက်နှင့်ကိုက်ညီမှုမရှိ၊ အရောင်းစင်တာမရှိ ၊သိုလှောင်ရုံမရှိဘဲ ကားတင်သွင်းမှုပြုလုပ်ခဲ့တဲ့ ကားကုမ္ပဏီ( ၇၇ )ခုကိုစည်းကမ်းချက်ဖောက်ဖျက်မှုနဲ့ ပိတ်သိမ်းဖို့သတ်မှတ်ထားပြီး၊ အခုလက်ရှိမှာတော့ ကြီးကြပ်ရေးကုမ္ပဏီက နောက်ထပ်ကုမ္ပဏီ (၂၉)ခုကို ထုတ်ပြန်ကာလအတောအတွင်း မော်တော်ယာဉ်မှတ်ပုံတင်ခြင်း၊အခွန်အခပေးဆောင်ခြင်းများ ဆောင်ရွက်ခြင်းမရှိပါက လုပ်ငန်းမှတ်ပုံတင်နဲ့ မော်တော်ယာဉ်တင်သွင်းရောင်းချခွင့်ပြုလက်မှတ် အစရှိတာတွေကို ဖျက်သိမ်းသွားမှာဖြစ်တယ်လို့သိရှိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories