November 17, 2018

We ❤️ New Cars!

New Car News in Burmese

ပြီးခဲ့တဲ့ သြဂုတ်လ အစပိုင်းတုန်းက စည်းကမ်းချက်တွေ မလိုက်နာတဲ့အငှားယာဉ်တွေကို နယ်နှင်မှုပြုလုပ်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြလိုက်ပြီလို့ သတင်းထွက်ရှိလာခဲ့ပြီး အခုဆိုရင်တော့ နယ်နှင် ကိစ္စကို ပို့ဆောင်ရေးဝန်ကြီးငှာနက အတည်ပြုဆုံးဖြတ်ပြီး ရှေ့နေရုံးကို သဘောထားသတ်မှတ်ချက်တောင်းခံထားတယ်လို့ သိရပါတယ်။

သေဆုံးမှုဖြစ်စေတဲ့ ယာဉ်တိုက်မှုဖြစ်ပွားခြင်း၊ သတ်မှတ်ယာဉ်နံပါတ်ပြားမတပ်ဆင်ထားခြင်း၊ မော်တော်ယာဉ်နှင့် ပြစ်မှုဆိုင်ရာတစ်ခုခုဖြစ်ပွားခြင်း၊ ယာဉ်အချက်ပြမီးပွိုင့်အနီးအနားမှာ ခရီးသည်အတင်အချပြုလုပ်ခြင်း၊ စတေကာကပ်ထားခြင်း၊ ဘတ်စ်ကားမှတ်တိုင်တွေမှာ ခရီးသည်အတင်အချပြုလုပ်ရပ်နားထားခြင်း၊ Free way နေရာတွေမှာ ရပ်နားထားခြင်း အစရှိတဲ့ ပြစ်မှု ၇ ချက်ကို ကျူးလွန်တဲ့ တက္ကစီတွေကို အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ကုန်လမ်းပို့ဆောင်ဆက်သွယ်ရေးညွှန်ကြားရေးမှူးဉီးစီးငှာနကတာဝန်ရှိသူတစ်ဉီးက

“အခုလက်ရှိမှာ ရန်ကုန်တိုင်းမှာပြေးဆွဲနေတဲ့ တက္ကစီတွေကို အချက် ၇ ချက်ထဲကတစ်ခုခုဖောက်ဖျက်ရင် နယ်နှင်ဖို့အတွက်တင်ပြထားပါတယ်။ ပို့ဆောင်ရေးဝန်ကြီးငှာန အစည်းအဝေးမှာတော့ ဆုံးဖြတ်ပြီးပြီ။ ရှေ့နေချုပ်ရုံးကို ထပ်ပြီး တင်ပြပြီးသဘောထားမှတ်ချက်တောင်းခံထားတယ်။ သတ်မှတ်ထားတဲ့စည်းကမ်း ၇ ချက်ထဲက စည်းကမ်းဖောက်ဖျက်တဲ့ကားတွေကိုပဲ နယ်နှင်တာတွေလုပ်ဆောင်သွားမှာပါ။”

လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာ ရာသက်ပန်မဟုတ်တဲ့ တက္ကစီတွေဖြစ်တဲ့ နံပါတ်အနက်မှ နံပါတ်အနီပြောင်းထားတဲ့ တက္ကစီကားအစီးရေ ၃ သောင်းနဲ့ အခြားပြည်နယ်တိုင်းဒေသကြီးတွေက နယ်လိုင်စင်နဲ့ ပြေးဆွဲလျက်ရှိတဲ့ တက္ကစီ အစီးရေ ၂ သောင်းကျော်အပါအဝင် စုစုပေါင်း တက္ကစီ အစီးရေ ၉ သောင်းအရေအတွက်ပြေးဆွဲလျက်ရှိနေကြောင်းကိုလည်း သိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: