October 18, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်မြို့အတွင်း နယ်ကျော်အော်ဒါလိုက်မောင်းနှင်နေတဲ့ YBS ယာဉ်တွေကို ယာဉ်လိုင်းပြေးဆွဲခွင့်နဲ့ CNG ထုတ်ယူခွင့်ကို ဉပဒေအရပိတ်သိမ်းသွားမှာဖြစ်တယ်လို့ ရန်​ကုန်​တိုင်း​ဒေသကြီး အများပြည်​သူ သယ်​ယူပို့​ဆောင်​​ရေး ကြီးကြပ်​မှုအာဏာပိုင် ကနေသိရှိရပါတယ်။

လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာ ခရီးသည်တင်ယာဉ်တွေကိုပေးအပ်ထားတဲ့ လုပ်ငန်းလိုင်စင်ဟာရန်ကုန်မြို့တွင်းမှာသာ ပြေးဆွဲခွင့်ပြုထားတာဖြစ်ပါတယ်။ နယ်ကျော်ပြီးပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေကို တွေ့ရှိပါက ယာဉ်လိုင်းပြေးဆွဲခွင့်နဲ့ CNG ထုတ်ယူခွင့်ကို ဉပဒေအရ ပိတ်သိမ်းသွားမှာပဲဖြစ်ပါတယ်။

အများပြည်​သူသယ်​ယူပို့​ဆောင်​​ရေး ကြီးကြပ်​မှု အာဏာပိုင်​အဖွဲ့ တာဝန်​ရှိသူတစ်​ဦးကလည်း နယ်ကျော်အော်ဒါလိုက်မောင်းနှင်မှုနဲ့ပတ်သက်ပြီး

“တစ်​ချိူ့ YBS ကား​တွေက နယ်​​ကျော်​ပြီး​ပြေးဆွဲ​နေတာရှိ​နေတယ်။​ အရင်​က​တော့ ဒဏ်​​ကြေးနဲ့ပဲ အခု ယာဉ်​လိုင်​း​ပြေးဆွဲတာနဲ့ CNG ကိုလည်​း ပိတ်​သိမ်​းသွားမယ်​။“

လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့အတွင်းမှာပြေးဆွဲနေတဲ့ YBS ယာဉ်တွေထဲမှာ တချို့ယာဉ်တွေဟာ နယ်ကျော်ပြေးဆွဲနေတာဖြစ်ပြီး လက်ရှိမှာ နယ်ကျော်ပြေးဆွဲခဲ့သောယာဉ် ၂၅ စီးကို ဉပဒေအရအရေးယူပြီးပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories