August 19, 2018

We ❤️ New Cars!

New Car News in Burmese

နယ်စပ်ဒေသတွေကတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ လိုင်စင်မဲ့ကားတွေကို ထိထိရောက်ရောက်အရေးယူနိုင်ဖို့ ပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့တွေက နိုင်ငံတော်သမ္မတဆီ တင်ပြသွားမှာဖြစ်တယ် လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးငှာနက တဆင့်သိရှိရတာဖြစ်ပါတယ်။

အခုလို နိုင်ငံတော်သမ္မတဆီ တင်ပြတာဟာ လိုင်စင်မဲ့ကားတွေကြောင့်သာမဟုတ်ပဲ တရားမဝင်တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ထိန်းချုပ်ဟန့်တားဖို့အတွက်လည်း ဖြစ်တယ်လို့လဲသိရပါတယ်။

အရေးယူမှုနဲ့ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးငှာန အရာရှိတစ်ဉီးက

“လိုင်စင်မဲ့ကားတွေကို ထိထိရောက်ရောက်ဖမ်းဆီးဖို့ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကနိုင်ငံတော်သမ္မတထံတင်ပြဖို့ လုပ်နေကြတယ်။ လိုင်စင်မဲ့ကားတွေမှမဟုတ်ဘူး၊ နယ်စပ်က တရားမဝင်ရောက်လာတဲ့ကုန်ပစ္စည်းတွေကိုလည်း ထိန်းချုပ်ဖို့လုပ်နေတယ်။ နောက်ပိုင်းဆို တရားမဝင်ကားတွေသွားလာတာကို နိုင်ငံတကာလို တံတားတွေပေါ်ကနေပဲ ဖြတ်သန်းခွင့်ပြုမှာပါ။”

လို့ပြောကြားခဲ့ပါသေးတယ်။

လိုင်စင်မဲ့ကားတွေ အများဆုံးဝင်ရောက်လာတဲ့နေရာကတော့ ထိုင်းနိုင်ငံ မြဝတီနယ်စပ်ကပဲဖြစ်ပါတယ်။ လက်ရှိမှာတာ့ တရားဝင်ရောက်ရှိလာတဲ့ ကားတွေကို မှုဝါဒတွေထုတ်ပြန်ပြီး အခွန်အခများကောက်ခံနေတာဖြစ်ပြီး တရားမဝင် ဝင်ရောက်လာတဲ့လိုင်စင်မဲ့ကားတွေကို ထိန်းချုပ်ထားနိုင်ခြင်းမရှိသေးကြောင်းကိုလည်း သိရှိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *