May 23, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်မြို့မှာ လိုင်စင်မဲ့ယာဉ်တွေရှိနေကြောင်းသတင်းရရှိတာနဲ့ တစ်ပြိုင်နက် နေအိမ်အထိလာရောက်ဖမ်းဆီးသွားမယ်ဆိုတဲ့ အကြောင်းကို ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးကနေတဆင့် သိရှိရပါတယ်။ အရင် ၂၀၁၇ ခုနှစ်တစ်နှစ်လုံးမှာ လိုင်စင်မဲ့ယာဉ်ပေါင်း ၁၄၉ စီးအထိဖမ်းဆီးခံရပြီး လိုင်စင်မဲ့ယာဉ်အများဆုံးရှိနေတဲ့နေရာဒေသကတော့ မွန်ပြည်နယ်လို့ဆိုထားပါတယ်။

ယခု ၂၀၁၈ ခုနှစ်အတွင်းမှာလည်း အရင်နှစ်ကလို လိုင်စင်မဲ့ကားတွေကိုထပ်မံဖမ်းဆီးခဲ့ရာရန်ကုန်မြို့အတွင်း မှာပဲ ယာဉ်ပေါင်း ၂၀ ကျော်အထိဖမ်းဆီးနိုင်ခဲ့ပြီး လိုင်စင်မဲ့ဖြစ်နေတဲ့အများဆုံးဖြစ်နေတဲ့ယာဉ်ကတော့ အိမ်စီး ဆလွန်းကားအမျိုးအစားတွေပဲဖြစ်တယ်လို့ထပ်မံသိရှိခဲ့ရပါသေးတယ်။

လိုင်စင်မဲ့ယာဉ်တွေလိုက်လံဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲ့တပ်ဖွဲ့မှူးရုံးကအရာရှိတစ်ဉီးကလည်း အခုလိုမျိုးပြောကြားခဲ့ပါတယ်။

“လိုင်စင်မဲ့ ​​ကား​တွေဟုတ်​မဟုတ်​ဆိုတာ စစ်​​ဆေးတဲ့ ဆော့ဝဲလ်​ရှိ​ပါတယ်​။ ခြံဝန်​း​တွေထဲမှာ လိုင်​စင်​မဲ့ကား​တွေကို တိတိကျကျ သတင်​း​ပေးရင်​​တော့ ဝင်​​ရောက်​ဖမ်​းဆီးသွားမှာပါ။ လိုင်​စင်​မဲ့ကားရှိတယ်​ဆိုတဲ့ သတင်​းကမှား​နေရင်​​တော့ ဝင်ပြီးရှာရတာ ​မလွယ်​ဘူး”

အခုအချိန်ဟာတော့ လိုင်စင်မဲ့ယာဉ်ပိုင်ရှင်တွေ သတိအထားသင့်ဆုံးအချိန်လို့ပဲဆိုချင်ပါတယ်။ အကြောင်းအမျိုးအမျိုးကြောင့် ကားလိုင်စင် မလုပ်ရစေးဘူးဆိုရင်လည်း အမြန်ဆုံးသွားရောက်လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories