August 15, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်မှာပြေးဆွဲနေတဲ့ အငှားယာဉ်တက္ကစီတွေထဲက သတ်မှတ်ထားတဲ့ စည်းကမ်းချက် (၇) ချက်ကို လိုက်နာမှုမရှိတဲ့ ယာဉ်တွေကို နယ်နှင်မှုပြုလုပ်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ထံ သို့တင်ပြထားလိုက်ပြီဖြစ်ကြောင်းသိရှိရပါတယ်။

အချက်ပြမီးပွိုင့်အနီးအနားမှာ ခရီးသည်အတင်အချပြုလုပ်တာတွေ၊ မှန်တွေမှာ စတေကာကပ်တာတွေ၊ ဘတ်စ်ကားမှတ်တိုင်တွေမှာ ခရီးသည်အတင်အချပြုလုပ်တာတွေနဲ့ ရပ်နားမှုပြုလုပ်တာတွေ အစရှိတဲ့ လုပ်ရပ်တွေပြုလုပ်လျက်ရှိတဲ့ တက္ကစီတွေဟာဆိုရင်တော့ နယ်နှင်မှုမှာပါဝင်သွားမှာပဲဖြစ်ပါတယ်။

အခုလို နယ်နှင်မှုနဲ့ပတ်သက်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုးဉီးစီးငှာနရုံးမှ အရာရှိတစ်ဉီးကလည်း

“ရန်ကုန်တိုင်းမှာ ပြေးဆွဲနေတဲ့ စည်းကမ်းချက် ၇ ချက်ဖောက်ဖျက်တဲ့ တက္ကစီတွေကို နယ်နှင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြထားပါတယ်။ ရာသက်ပန် တက္ကစီတွေလည်း စည်းကမ်းဖောက်ဖျက်မယ်ဆိုရင် နယ်နှင်တာတွေ လုပ်ဆောင်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြထားတယ်။”

လို့ပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်။

လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာ ပြေးဆွဲနေတဲ့ တက္ကစီ အစီးရေပေါင်း ၈ သောင်း ကျော်အထိရှိနေပြီး ရာသက်ပန် အငှားယာဉ်တက္ကစီစုစုပေါင်း ၂ သောင်းကျော်၊ ရာသက်ပန်မဟုတ်တဲ့ တက္ကစီ (နံပါတ်အနက်မှ အနီပြောင်းထားတဲ့ တက္ကစီ) စုစုပေါင်း ၂ သောင်းကျော် နဲ့ အခြားပြည်နယ်တိုင်းဒေသကြီးတွေကဝင်ရောက်ပြေးဆွဲလျက်ရှိနေတဲ့ တက္ကစီ စုစုပေါင်း ၂ သောင်းကျော်အထိရှိနေကြောင်းကိုလည်း သိရှိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories