December 10, 2018

We ❤️ New Cars!

New Car News in Burmese

နယ်လိုင်စင်ယာဉ်ဟောင်းအပ်နှံမည့်ကားများကို ရန်ကုန်လိပ်စာနဲ့အပ်နှံခွင့်ကိုတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ (မနေ့က) ကပဲပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ကြေညာချက်ကိုတော့ ဇန်နဝါရီလ ၃၁ ရက်နေ့က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးငှာနက ထုတ်ပြန်ခဲ့တာပါ။

“ပြည်​နယ်နဲ့​တိုင်​း​တွေက ယာဉ်​အိုယာဉ်​​ဟောင်​းအပ်​မယ်​့ကား​တွေကို ရန်​ကုန်​လိပ်စာ မ​ပေးဖို့ ရန်​ကုန်​တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်​ပြခဲ့တာ​ကြောင်​့ ​ဖေ​ဖော်ဝါရီ ၁ ရက်​က စပြီး ရန်​ကုန်​အပ်​ကားမှ ရန်​ကုန်​လိပ်စာနဲ့ပဲ အပ်နှံပြီး တင်​သွင်​းလို့ရမှာပါ” လို့လဲ ကုန်​းလမ်းပို့​ဆောင်​​ရေးညွှန်​ကြားမှုဦးစီးဌာနမှ တာဝန်ရှိ သူတစ်​ဦးက ဇန်နဝါရီလ ၃၁ ရက်နေ့ကပြောကြားခဲ့တာဖြစ်ပါတယ်။

 

လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကလည်းအောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။

“နယ်အပ်​​ကားများကို ရန်ကုန်လိပ်စာဖြင့် စလစ်ထုတ်ပေးနေတာကြောင့် မလိုအပ်ဘဲ နယ်ကားများ ရန်ကုန်သို့ တရားမဝင် ဝင်ရောက် နေသည့်ကိစ္စအား စိစစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်၌ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်း အဝေး၌ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးရန် အောင် မေးမြန်းသော မေးခွန်းနှင့်ပတ်သက်၍ ​ပြည်နယ်နှင့်တိုင်းများမှ ယာဉ်အိုယာဉ်ဟောင်း အပ်နှံရာတွင် ရန်ကုန်တိုင်းလိပ်စာဖြင့် စလစ် ထုတ်ယူနေသည့် အချို့သောကိစ္စများအပေါ် ရန်ကုန်တိုင်းအစိုးရအနေဖြင့် အခုလိုစီစစ်ဆောင်ရွက်တာဖြစ်တယ်”

 

ဒေါ်နီလာကျော် ဟာလွှတ်တော်အစည်းအဝေးမှာတော့အောက်ပါအတိုင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

“အခုလက်ရှိမှာ ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး အစားထိုးတင်သွင်းတဲ့ ယာဉ်တွေ အတွက် ရန်ကုန်တိုင်းမှအပ်နှံတဲ့ ယာဉ်တွေကို သာ ရန်ကုန်တိုင်းပါမစ် ထုတ်ပေးရန်အတွက် ကျွန်မတို့အနေနဲ့ စတင်ပြီး စီစဉ်ဆောင်ရွက် နေပါတယ်”

 

အခုလို စည်းမျဉ်းကိုတင်းကြပ်လိုက်တာကြောင့် ကားဝယ်သူတွေအနေနဲ့ လိုင်စဉ်ပြုလုပ်တဲ့အခါမှာအနည်းငယ်ခက်ခဲသွားမှာပါ။ ဒါပေမယ့်တစ်ဖက်ကကြည့်ရင်တော့ နယ်ကားတွေကိုရန်ကုန်မှာ မတွေ့ရတော့မှာကြောင့် ရန်ကုန်မြို့ကြီးရဲ့ ကားပိတ်ကြပ်မှုဟာအရင်ကထက်လျော့နည်းသွားတော့မှာပဲဖြစ်ပါတယ်။

 

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories