November 14, 2019

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်တိုင်းဒေသကြီး Downtown ၆ မြို့နယ်က ယာဉ်နားကန့်သတ်ဇုန် ၈ ဇုန်အတွက် ယာဉ်ရပ်နားခကို လာမယ့် အောက်တိုဘာလကနေစပြီး ကောက်ခံသွားတော့မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကုမ္ပဏီ အင်ဂျင်နီယာငှာနက ပြောကြားထားကြောင်း သိရှိရပါတယ်။

အခုလို မြို့နယ် ၆ မြို့နယ်က ယာဉ်ရပ်နားခ ကောက်ခံမှုလုပ်ငန်းတွေလုပ်ဆောင်ဖို့ စျေးပြိုင်တင်ဒါစနစ်နဲ့ အငှားချသွားဖို့ရှိနေပြီး တင်ဒါစည်းကမ်းချက်နဲ့ လျှောက်လွှာပုံစံတွေကို ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်း/တံတား အင်ဂျင်နီယာငှာနမှာ သြဂုတ်လ ၂၄ ရက်နေ့ကနေ စက်တင်ဘာလ ၁၄ ရက်နေ့အထိရောင်းချပေးသွားမှာဖြစ်တယ်လို့လဲသိရပါတယ်။ တင်ဒါလျှောက်လွှာတွေကိုတော့ တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီကရွေးချယ်လုပ်ကိုင်ခွင့်ပေးသွားမှာပဲဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းအဝေးမှာ ရန်ကုန်မြို့တော်ဝန်က

“Downtown ၆ မြို့နယ်နဲ့ အခြားလူနေထူထပ်တဲ့ မြို့နယ် ၃၃ ခုမှာဒီပြဿနာတွေရှိနေတယ်။ မျဉ်းဝါတားပါကင်နေရာတွေလုပ်ဖို့ လိုအပ်နေတယ်။ အမှန်တစ်ကယ် လုပ်ဆောင်ရမယ့် အခြေအနေလည်းရှိပါတယ်။ လက်ရှိမှာ ကားပါကင်နဲ့ ပတ်သက်တဲ့ဝန်ဆောင်ခ မယူတဲ့အတွက်ကြောင့် နီးစပ်ရာမှာဉပဒေမဲ့၊ စည်းကမ်းမဲ့၊ ခွင့်ပြုချက်မရှိဘဲနဲ့ လိုအပ်သလို ကားပါကင်တွေထားပြီးတော့ ရပ်နေကြတာတွေ့ရပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့စနစ်တကျပါဝင်ထားပြီး ကားရပ်နားခွင့်ကောက်ခံဖို့အစီအစဉ်ရှိပါတယ်”

လို့ပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories