June 21, 2018

We ❤️ New Cars!

New Car News in Burmese

မနေ့တုန်းက ၂၀၁၈ ရဲ့ပွဲဉီးထွက် Motor Show တစ်ခုဖြစ်တဲ့ DETROIT MOTOR SHOW အကြောင်းကို ပြည့်ပြည့်စုံစုံနဲ့ Event မှာပြသမယ့်ကားအချို့အကြောင်းကိုမိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ မသိလိုက်ရတဲ့ လူတွေအနေနဲ့ကတော့ အောက်ပါ Link ကနေသွားရောက်ကြည့်ရှု့နိုင်ပါတယ်။

၂၀၁၈ အစောပိုင်းလောက်မှာကျင်းပမယ့် Motor Show တစ်ခုဖြစ်တဲ့ DETROIT MOTOR SHOW!

အခု RETROMOBILE က ၂၀၁၈ Motor Show တွေထဲကဒုတိယမြှောက်တစ်ခုဖြစ်ပြီး ဖေဖော်ဝါရီ  ၇ရက်နေ့ကနေ ၁၁ ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။ ကျင်းပမယ့်နေရာကတော့ Paris မှာရှိတဲ့ Porte de Versailles Exhibition Centre မှာပါ။ ၂၀၁၇ ဖေဖော်ဝါရီလ မှာကျင်းပခဲ့တဲ့ RETROMOBILE မှာဆိုရင် ထူးခြားလှတဲ့ ကားပေါင်းအစီး ၅၀၀ နဲ့မိတ်ဆက်ခဲ့တာပါ။ ကြီးကြီးကျယ်ကျယ်ကျင်းပခဲ့တယ်လို့ပဲဆိုရမှာပါ။

“ဖေဖော်ဝါရီ ၇ ရက်နေ့ :  နံနက် ၁၀ နာရီ – ည ၁၀ နာရီ

ဖေဖော်ဝါရီ ၈ ရက်နေ့ : နံနက် ၁၀ နာရီ – ည ၇ နာရီ

ဖေဖော်ဝါရီ ၉ ရက်နေ့ : နံနက် ၁၀ နာရီ – ည ၁၀ နာရီ

ဖေဖော်ဝါရီ ၁၀ ရက်နေ့ : နံနက် ၁၀ နာရီ – ည ၇ နာရီ

ဖေဖော်ဝါရီ ၁၁ ရက်နေ့ : နံနက် ၁၀ နာရီ – ည ၇ နာရီ”

အပေါ်မှာဖော်ပြထားတာတွေကတော့ Motor Show ရဲ့ အချိန်စာရင်းပဲဖြစ်ပါတယ်။ အချိန်ကတော့ Paris ကအချိန်အတိုင်းဖော်ပြထားတာပါ။ စျေးနှုန်းပိုင်းကတော့ တစ်ယောက်ကို €20 ပါ။ “€” ကတော့ Europe ငွေးကြေးကိုဖော်ပြတာဖြစ်ပြီး ၁  ကို USD dollar 1.9 ကျော်လောက်နဲ့ညီမျှပါတယ်။

Tickets for Retromobile  – from 7 to 11 february 2018

  • Admission : €20
  • Presale : 18€
  • Free admission for less than 12 y.o

Source :retromobile

Exchange rate အပိုင်းကို မိမိကိုယ်ကိုတွက်ပြီး ကုန်ကျစရိတ်ကိုသိရှိနိုင်မှာလည်းဖြစ်ပါတယ်။ ကြိုတင်ရောင်းချနေတဲ့ ကာလမှာဝယ်ယူရင်တော့ €18 ပဲကျသင့်မှာဖြစ်ပါတယ်။ အသက် ၁၂ အောက်ဆိုရင်တော့ အခမဲ့ပဲဖြစ်ပါတယ်။ ကျွန်တော်ဖော်ပြထားတဲ့ သတင်းအချက်အလက်တွေ က RETROMOBILE ကိုသွားမယ့် သူတွေအတွက်တကယ်လုံလောက်မှုရှိလိမ့်မယ်လို့ယုံကြည်မိပါတယ်။ ပွဲအကြောင်းကို ဒီထက် အတွင်းကျကျသိချင်သူတွေကတော့ အောက်ပါ official link ကနေသွားရောက်ကြည့်ရှု့နိုင်ပါတယ်။

retromobile.com

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories