December 10, 2018

We ❤️ New Cars!

New Car News in Burmese

Renault, Nissan, Mitsubishi တို့ဟာ Next generation Infotainment system အတွက် Google နဲ့ပူးပေါင်းပြီး Android operating system ကို Vehicle ထဲမှာ Built-in ပုံစံမျိုးနဲ့ထည့်သွင်းအသုံးပြုတော့မှာဖြစ်ကြောင်းကို ပြီးခဲ့တဲ့ရက်အနည်းကပဲ Mitsubishi Motor ကကြေညာခဲ့တာဖြစ်ပါတယ်။

Intelligent Infotainment system ဖြစ်ဖို့ နဲ့ Customer focused application တွေကို ကားမော်ဒယ်တွေမှာထည့်သွင်းသွားဖို့ အခုလိုပူးပေါင်းမှု လုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ပူးပေါင်းမှုကိုတော့ လက်ရှိမှာကြေညာထားပြီးပေမယ့် အစီအစဉ်ကိုတော့ လာမယ့် ၂၀၂၁ မှာအကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Google ရဲ့ Android operating system တစ်ခုလုံးကိုမွေးစားလိုက်မှာဖြစ်တာမို့ Renault, Nissan, Mitsubishi တို့ရဲ့ Customer တွေဟာ တည်နေရာအနေအထားအတွက် Google Map, အပေါ်မှာဖော်ပြခဲ့တဲ့ Customer focused application တွေကို ရယူနိုင်ဖို့ Google Playstore, ဖုန်းခေါ်တာတွေ၊ SMS ပို့ဆောင်တာတွေ၊ သတင်းအချက်အလက်တွေကို မီဒီယာကရှာတာတွေနဲ့ Vehicle မှာလုပ်ဆောင်စေချင်တဲ့ function တွေ အစရှိတာတွေကို အသံနဲ့စေခိုင်းနိုင်မယ့် Built-in Google Assistant အစရှိတာတွေကို ခံစားနိုင်မှာဖြစ်ပါတယ်။

ပူးပေါင်းကုမ္ပဏီတွေဟာ Google application နဲ့ service တွေကို နောက်ထပ်ကားမော်ဒယ်အသစ်တွေမှာတင်မကပဲ ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ရောင်းချခဲ့တဲ့ ကားမော်ဒယ်တွေရဲ့ Inforainment system နေရာမှာပါ ထည့်သွင်းအသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။ အခုလို Infotainment system အတွက်ပူးပေါင်းလုပ်ဆောင်မှုဟာ စကေးကြွယ်ပြီး နယ်ပယ်အသီးသီးက Developer တွေစုပေါင်းပြုလုပ်သွားမှာဖြစ်တဲ့အတွက် Apple ရဲ့ IOS operating system ကို run နေတဲ့ device တွေလိုမျိုးနဲ့လည်း တွဲဖက်အသုံးပြုသွားနိုင်မှာ ဖြစ်တယ်လို့ဆိုထားပါတယ်။

အခုလိုပူးပေါင်းလုပ်ဆောင်မှုကြောင့် Renault, Nissan, Mitsubishi တို့ဟာ ၂၀၂၂ အကုန်လောက်ကျရင် သူတို့ရဲ့ရောင်းအားကို ၁၄ မီလီယံအတိုင်းအတာအထိမြင့်တက်သွားဖို့မျှော်လင့်ထားကြောင်းလည်း ဆိုထားတာဖြစ်ပါတယ်။ တစ်နှစ်ကျော်ကျော်လောက်နဲ့ ရလဒ်ကို အဲ့လောက်မှန်းထားတဲ့အတွက် Customer တွေကိုဘယ်လို Infotainment system မျိုး နဲ့ စိတ်ကျေနပ်မှု ပေးနိုင်အောင် ကြိုးစားသွားမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

Source 

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories