August 15, 2018

We ❤️ New Cars!

New Car News in Burmese

Qualcomm ရဲ့နည်းပညာဖြစ်တဲ့ WEVC (Wireless Electric Vehicle Charging) ကိုပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့တုန်းက ဂျပန်မှာကျင်းပခဲ့တဲ့ Automotive World မှာ ကျွန်တော်တို့ AutoMyanmar က Qualcomm ရှိရာကို သွားရောက်လေ့လာပြီးသိရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ပိုင်းတွေမှာ တွေ့မြင်ရမယ့်ကားတွေက လျှပ်စစ်ကား (EV) တွေပဲဖြစ်တော့မှာကြောင့် အနာဂတ်နည်းပညာလို့တင်စားလိုက်တာပဲဖြစ်ပါတယ်။

Qualcomm Booth

 

Automotive World

WEVC အကြောင်းပြောဖို့ Halo development အကြောင်းလေးကိုအရင်စပါရစေ။ Halo development ဆိုတာကတော့ New Zealand မှာရှိတဲ့ Auckland တက္ကသိုလ်ရဲ့ developement lab တစ်ခုဖြစ်ပါ။ ၁၉၈၈ မှာ Wireless power transfer system စတင်တီထွင်နိုင်ခဲ့တဲ့ lab တစ်ခုလည်းဖြစ်ပါတယ်။ ၂၀၁၂ မှာတော့ Qualcomm ဟာ Halo development အဖွဲ့နဲ့ပူးပေါင်းခဲ့ပါတယ်။ Halo နဲ့ပူးပေါင်းပြီးတဲ့အချိန်မှာတော့ Qualcomm ဟာ Auto နည်းပညာအသစ်တွေ စူးစမ်းတာတွေ ပိုမိုတိုးချဲ့လာတာပဲဖြစ်ပါတယ်။ အဲ့လိုနဲ့ Electric Vehicle တွေအတွက် WEVC နည်းပညာကိုဖန်းတီးနိုင်ခဲ့တာပါ။

EV တွေအတွက် “Wireless Charging” ဆိုပေမယ့် Wireless ပုံစံမျိုးနဲ့အားသွင်းနိုင်မှာတော့မဟုတ်ပဲ ကြားခံပစ္စည်းတွေလိုအပ်မှာပဲဖြစ်ပါတယ်။ ကြားခံပစ္စည်းအနေနဲ့ကတော့ Power Supply Unit နဲ့ Base Pad ပါ။ Power Supply Unit စွမ်းအင်ရယူမယ့် ကားရဲ့ device ဖြစ်ပြီး Base Pad ကတော့ စွမ်းအင်ပေးမယ့်အရာပါ။ အဲ့တော့ အားသွင်းခြင်ရင် Base pad ရှိရာကိုသွားပြီး ပါကင်ထိုးထားရုံပါပဲ။ အားသွင်းချိန်ကတော့ မိနစ်ပိုင်းလောက်ပဲဖြစ်ပါတယ်။

Base Pad

 

Power Supply Unit (PSU)

အဲ့တော့ Qualcomm WEVC နည်းပညာ က Plug-in hybrid နဲ့ဆင်နေသလိုခံစားရမှာတော့အမှန်ပါပဲ။ လက်ရှိမှာတော့ WEVC system ကို EV တွေမှာ ကျယ်ကျယ်ပြန့်ပြန့်တော့ မတွေ့ရသေးပါဘူး။ System အနေနဲ့ အရမ်းကြီး မဖွံဖြိုးသေးတာရယ်၊ ကားတွေမှာ system တပ်ဆင်ဖို့က အခကြေးများပြားတာရယ် စတဲ့အချက်တွေကြောင့်လို့ပဲဆိုရမှာပါ။ System ကြီးဖွံဖြိုးလာမယ့် မကြာခင် အချိန်မှာတော့  WEVC tech ပါဝင်တဲ့ EV တွေကိုတွင်တွင်ကျယ်ကျယ် တွေ့မြင်နိုင်တော့မှာပဲဖြစ်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories