May 22, 2018

We ❤️ New Cars!

New Car News in Burmese

ဂျပန်မှာရှိတဲ့ ProPILOT Park Ryokan အမည်ရှိ ရိုးရာတည်းခိုခန်း လေးကတော့ Nissan ရဲ့ Self-parking နည်းပညာကို ဖိနပ်၊ စားပွဲ၊ ကူရှင် အစရှိတဲ့ ဆိုင်ရဲ့ အသုံးဆောင်တွေထဲမှာထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။ ProPILOT Park Ryokan ဟာတော့ Nissan ကဖွင့်လှစ်တဲ့တည်းခိုခန်းလေးပါ။

Nissan အနေနဲ့ Self-parking (ProPILOT Park) ကို စတင်မိတ်ဆက်ခဲ့တာကတော့ ၂၀၁၇ အောက်တိုဘာလ မှာပါ။ All-new Nissan LEAF တွေမှာစတင်ထည့်သွင်းပြီးမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။   ဘေးကအရာဝတ္ထုတွေကိုအလိုလိုရှောင်ပေးပြီး ပါကင်နဲ့အံ့ဝင်ခွင်ကျဖြစ်အောင် အစအဆုံးပြုလုပ်ပေးသွားမယ့် နည်းပညာတစ်ခုပါ။ ProPILOT Park ကတော့ Nissan Leaf model အသစ်မှာလည်း ပါဝင်လာဉီးမှာပါ။

ProPILOT Park  tech ပါဝင်တဲ့ကားတွေဟာခလုတ်နှိပ်လိုက်တာနဲ့သူ့အလိုလို ပါကင်ထိုးသွားသလို ProPILOT Park tech ပါဝင်တဲ့ တည်းခိုခန်းက အသုံးအဆောင်တွေကလည်း ခလုတ်လေးနှိပ်လိုက်တာနဲ့ သူ့နေရာနဲ့သူပြန်ရောက်သွားမှာဖြစ်ပါတယ်။ ProPILOT Park Ryokan အနေနဲ့ ProPILOT Park tech ကြောင့်အပန်းဖြေအနားယူတွေအပေါ်ကိုပိုပြီးတာဝန်ကျေနိုင်တော့မှာပါ။ အောက်က ၁ မိနစ်နဲ့ ၂၉ စက္ကန့်ကြာမြင့်တဲ့ ဗီဒီယိုမှာတော့ ProPILOT Park Ryokan ရဲ့  နည်းပညာအသစ် ထည့်သွင်းထားတဲ့အသုံးအဆောင်လေး တွေကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။

Nissan will offer a free night at the ProPILOT Park Ryokan, located in Hakone, Japan, for one lucky pair of travelers. For a chance to win, contestants must post on Twitter using the hashtags #PPPRyokan and #wanttostay between Jan. 25 and Feb. 10.
Source :newsroom.nissan-global.com

အပေါ်မှာဖော်ပြထားတာကတော့ Nissan ရဲ့ promotion အစီအစဉ်ပါ။ ဆု ကြေးကတော့ ProPILOT Park Ryokan တည်းခိုခန်းမှာ ခရီးသည်နှစ်ယောက် တစ်ညတာအခမဲ့အနားယူခွင့်ပါ။ အစီအစဉ်မှာပါဝင်ချင်ရင်တော့ Twitter မှာ #PPPRyokan နဲ့ #wanttostay ဆိုပြီး post တင်ပေးရမှာဖြစ်ပါတယ်။ အနိုင်ရရှိသူကိုတော့ Nissan ကတစ်ဆင့်ကြေညာသွားမှာပါ။ ဂျပန်သွားဖို့ အစီအစဉ်ရှိတယ်ဆိုရင် ဒီအစီအစဉ်က သင့်အတွက်ပါပဲ။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories