September 25, 2018

We ❤️ New Cars!

New Car News in Burmese

မန္တလာသီရိအားကစားကွင်း မှာ မတ်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းသွားမယ့်CarDB Auto Show Mandalay 2018 ဟာဆိုရင်တော့ ထူးခြားလှတဲ့ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ စောင့်ကြိုနေပြီပဲဖြစ်ပါတယ်။ Auto Show ကျင်းပမယ့် ၃ ရက်ကနေ ၅ ရက်နေ့ ၂ ရက်တာကာလ ဆက်တိုက်ကို ကံစမ်းမဲဖောက်ပေးသွားမယ့် ပရိုမိုးရှင်းအစီအစဉ်ပဲဖြစ်ပါတယ်။ ကံစမ်းမဲအတွက်ပါဝင်မယ့်ပစ္စည်းတွေကတော့ ဆိုင်ကယ် အသစ်စက်စက်, FNI အာမခံလုပ်ငန်းမှ ၁၀ သိန်းတန် အသက်အာမခံ Gift Voucher, Mi 5X လက်ကိုင်ဖုန်း, ၄ သိန်းတန် စိန်နဲ့မြ မွှေ့ယာအကောင်းစားကြီး၊ Kenso Air Con, Kenso Stabilizer, Polar Star GPS, Shell Advance Motor Cycle Engine Oil,  JY’s Auto Repair & Services Voucher တို့ပဲဖြစ်ပါတယ်။ လက်ဆောင်ပစ္စည်းတွေကတစ်ခုထက်မနည်းပါဝင်နေတာကြောင့် အားလုံးမှာ ရရှိနိုင်တဲ့အခွင့်ရေးရာခိုင်နှုန်းကများနေမှာပဲဖြစ်ပါတယ်။ ဒါ့အပြင်

– Land Rover – Range Rover Sport

– Jaguar – F-Pace ,XE

– Nissan – Sunny

– Chevrolet – Trailblazer

– Ford – Everest, Ranger Double Cab XLT

– Toyota – Vios,

– Suzuki – Ertiga, Ciaz

– Mitsubishi – L200, ASX

– Dongfeng – AX7, K01, C37

အစရှိတဲ့ အလန်းစားကားတွေကို စမ်းသပ်မောင်းနှင်ခွင့်ရှိတဲ့အစီအစဉ်ကလည်းစောင့်ကြိုနေတာမို့ သွားသင့်တဲ့ Auto Show တစ်ခုလို့အကြံပြုပါရစေ။ စမ်းသပ်မောင်းနှင်ဖို့ ဆိုရင်တော့ အရင်ဉီးဆုံး ဒီကနေတဆင့် စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories