August 19, 2018

We ❤️ New Cars!

New Car News in Burmese

Nissan Myanmar ရဲ့ပရိုမိုးရှင်းအစီအစဉ်ဖြစ်တဲ့ “GuessAndWin” အစီအစဉ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကတည်းကစတင်နေပြီဖြစ်ပါတယ်။ “GuessAndWin” ဆိုတဲ့အတိုင်း ပေးထားတဲ့မေးခွန်းကိုခန့်မှန်းပြီး လက်ဆောင်ပစ္စည်းတွေသိမ်းပိုက်ရမယ့်အစီအစဉ်တစ်ခုပါ။ မိတ်ဆွေခန့်မှန်းရမှာကတော့ မော်ဒယ်အသစ်ဆက်ဆက်ဖြစ်တဲ့ 2018 Nissan Sunny မှာအသစ်ပါဝင်လာတဲ့ Feature ပဲဖြစ်ပါတယ်။

အပေါ်မှာဖော်ပြထားတာကတော့ Nissan Myanmar ရဲ့ “GuessAndWin” ရဲ့မေးခွန်းလေးဖြစ်ပါတယ်။ A. Push Start Ignition, B. Daytime Running Lights, C. Electric Fold Side Mirrors, D. Rear Comfort Fan အစရှိတဲ့အဖြေ ၄ ခုပေးထားပြီး မိတ်ဆွေအနေနဲ့ အဖြေမှန်သိတယ်ဆိုရင်တော့ Nissan Myanmar ရဲ့ မေးခွန်း post လေးမှာသွားရောက်ဖြေကြားနိုင်ပါတယ် (သတ်မှတ်ထားတဲ့စည်းကမ်းချက်ကိုဉီးဆုံးဖတ်ရန်)။ မတ်လ ၇ ရက်နေ့ ညနေ ၅ နာရီနောက်ဆုံးထားဖြေဆိုရမှာဖြစ်ပြီး မှန်ကန်သူကိုတော့ မတ်လ ၉ ရက်နေ့မှာကြေညာသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။ အဖြေမှန်ရင် မိတ်ဆွေရရှိမှာကတော့ Nissan အမှတ်တံဆိပ်ပါတဲ့ လက်ဆောင်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။

2018 Nissan Sunny ဟာတော့ မတ်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းပခဲ့တဲ့ Cardb Autoshow မှာမိတ်ဆက်ခဲ့တဲ့ ကားတွေထဲကတစ်စီး အပါအဝင်ဖြစ်ခဲ့သလို စမ်းသပ်မောင်းနှင်နိုင်တဲ့ကားတွေထဲမှာလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ Cardb မှာ Sunny ကိုစမ်းသပ်မောင်းနှင်ပြီးသူတွေအနေနဲ့ကတော့ “GuessAndWin” ကမေးခွန်းကိုသာသာယာယာဖြေနိုင်မှာတော့အသေအချာပါပဲ။ Autoshow မသွားဖြစ်လိုက်တဲ့သူတွေအတွက်တော့ So Sad ပါ။😆

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *