May 23, 2018

We ❤️ New Cars!

New Car News in Burmese

အတာသင်္ကြန် ၄ ရက်တာကာလအတွင်း YBS ယာဉ်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ Hot line ကိုတိုက်ရိုက် တိုင်ကြားမှုဟာ ၇၀ ကျော်အထိရှိနေတယ်လို့ အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ရဲ့ပြောကြားချက်ကတစ်ဆင့်သိရှိခဲ့ရပါတယ်။

တိုင်ကြားမှုပေါင်း ၇၀ ကျော်မှာ ခရီးအစအဆုံးပြေးဆွဲခြင်းမရှိတဲ့အမှု၊ ယာဉ်လုပ်သားတွေရိုင်းပြစော်ကားတဲ့အမှု နဲ့ သတ်မှတ်ထားတဲ့ယာဉ်စီးခထက်ပိုမိုကောက်ခံတဲ့အမှု အစရှိတာတွေပါဝင်ပါတယ်။ ခရီးအစအဆုံးပြေးဆွဲခြင်းမရှိတဲ့အမှု နဲ့ ယာဉ်လုပ်သားတွေရိုင်းပြစော်ကားတဲ့အမှု အတွက်တိုင်ကြားမှုကအနည်းငယ်သာရှိနေပြီး သတ်မှတ်ထားတဲ့ယာဉ်စီးခထက်ပိုမိုကောက်ခံတဲ့အမှုက တိုင်ကြားမှုရဲ့ထက်ဝက်ကျော်လောက်အထိရှိနေတယ်လို့သိရပါတယ်။

သင်္ကြန်အတွင်း တိုင်ကြားထားတဲ့အမှုတွေကိုလက်ရှိမှာ ကိုင်တွယ်ဆောင်ရွက်ဉီးမှာမဟုတ်သေးပဲ အာဏာပိုင်အဖွဲ့ရဲ့ အစည်းဝေးဆုံးဖြတ်ချက်ထွက်ရှိမှသာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လဲသိရပါတယ်။

သင်္ကြန်​အတွင်း​ ခရီးသည်​တင်​ ယာဉ်​လိုင်းများက ယာဉ်​စီးခပို​တောင်​းမှု ဟာနှစ်စဉ်နှစ်တိုင်းဖြစ်နေတာဖြစ်ပြီး တိုင်ကြားမှုတွေရှိနေပေမယ့် ထိထိရောက်ရောက်အရေးယူမှုတွေမလုပ်ဆောင်တာကြောင့် ယခုတိုင်ဆက်လက်ဖြစ်နေတာဖြစ်တယ် လို့လဲ ခရီးသွားပြည်သူတချို့က ပြောဆိုနေကြပါတယ်။

 

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories