November 14, 2019

We ❤️ New Cars!

New Car News in Burmese

Volvo က မိတ်ဆက်လိုက်တဲ့ Polestar software upgrade ဟာတော့ All-wheel drive (AWD) Volvo ကားတွေရဲ့ နောက်ဘီးစွမ်းအင်ထုတ်လုပ်မှုကိုပိုမိုမြင့်မားစေပြီး မောင်းနှင်ရတာလည်း ပိုပြီးအဆင်ပြေလာအောင်ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် Polestar upgrade ဟာ Volvo all-wheel drive တွေရဲ့နောက်ဘီးစွမ်းအင်ကို ပိုမိုမြင့်မားစေရုံသာမက Steering ပိုင်းကိုလည်း ပိုပြီးလွယ်လွယ်ကူကူထိန်းချုပ်နိုင်အောင် ဆောင်ရွက်ပေးသွားမှာလည်းဖြစ်ပါတယ်။ Steering Wheel ထိန်းချုပ်မှုပိုင်းကိုတိုးမြှင့်ပေးထားတာမို့ အရှောင်အတိမ်းပိုင်းတွေမှာ ပိုမိုလွယ်ကူသွားမှာဖြစ်ပြီး ကောင်းမွန်တဲ့ Driving experience အသစ်ကိုခံစားစေမှာတော့ အမှန်ပါပဲ။

ဒီအကြောင်းနဲ့ပတ်သက်ပြီး Volvo Cars ရဲ့ Research နဲ့ Development ပိုင်းမှာ Senior Vice President ဖြစ်သူ Henrik Green ဆိုသူက

“ကျွန်တော်တို့အနေနဲ့ Volvo Cars တွေရဲ့ Driving experience ကိုအမြဲတမ်းကောင်းမွန်အောင်ကြိုးစားသွားမှာပါ။ ပြီးတော့ အခု upgrade က All-wheel drive ကားတွေကိုပိုပြီးအဆင်ပြေချောမွေ့စေမှာဖြစ်သလို ပိုပြီးလည်းစွမ်းအင်ပြည့်ဝအောင် ဆောင်ရွက်ပေးမှာပါ။”

လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

AWD ကားတွေအတွက် rear-wheel စွမ်းအင်ထုတ်လုပ်မှု Feature ကြောင့် Throttle response တွေ၊ ဂီယာအပြောင်းအလဲပိုင်းတွေနဲ့ Engine output အပိုင်းတွေမှာပါ တိုးမြင့်နေမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ Polestar AWD တိုးမြှင့်မှုကတော့ ဓာတ်ဆီနဲ့ ဒီဇယ်မော်ဒယ်တွေဖြစ်တဲ့ Volvo 90 Series, 60 Series နဲ့ XC40 မော်ဒယ်ကားတွေမှာ အခု သြဂုတ်နောက်ပိုင်းကစပြီး စတင်ပါဝင်လာတော့မှာဖြစ်တယ်လို့ သိရပါတယ်။

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories