October 18, 2018

We ❤️ New Cars!

New Car News in Burmese

Peugeot Myanmar ဟာတော့ လာမယ့်စက်တင်ဘာလ ၂၉ ရက်နေ့ကနေ အောက်တိုဘာလ ၁ ရက်နေ့အထိ Most Amazing Sales Promotion ဆိုတဲ့ event တစ်ခုကိုကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။ ပွဲကိုတော့ Novotel Yangon Max ဟိုတယ်မှာကျင်းပသွားမှာဖြစ်ပြီး ကျင်းပမယ့်အချိန်ကတော့ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိပါ။

ဉရောပ Luxury Sedan ကားတစ်စီးရဲ့ စွမ်းဆောင်ရည်နဲ့အတူ ဆန်းသစ်ခေတ်မှီတဲ့ i-Cockpit နည်းပညာ၊ တိုးတက်လာတဲ့ Safety Option တွေနဲ့အတူ Brand New SUV အမျိုးအစားကားတွေရဲ့ နှစ်လိုဖွယ်စွမ်းဆောင်ရည်ပါဝင်တဲ့ ကားတွေကို ချပြမိတ်ဆက်သွားမှာဖြစ်ကြောင်း Peugeot ရဲ့ပြောကြားချက်အရသိရပါတယ်။ Most Amazing Sales Promotion ဖြစ်တဲ့အတွက် ထူးခြားတဲ့ promotion အစီအစဉ်တွေကိုလည်း ခံစားရမှာဖြစ်ကြောင်းလည်း သိရပါတယ်။ ပွဲမှာဆိုရင် ကားတွေကို Downpayment 10% စတင်ပေးဆောင်ပြီး ၂ နှစ်တာကာလနဲ့ အရစ်ကျဝယ်ယူသွားနိုင်မှာလည်းဖြစ်ပါတယ်။

ကျင်းပမယ့်အချိန်က အားလပ်ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေဖြစ်နေတာကြောင့် ကားချစ်သူမိတ်ဆွေတွေ သွားရောက်လည်ပတ်နိုင်အောင် Automyanmar က သတင်းပေးလိုက်ပါတယ်ခင်ဗျာ။

Source 1, 2

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories