November 14, 2019

We ❤️ New Cars!

New Car News in Burmese

Peugeot Myanmar ဟာတော့ မေလ ၂၅ ရက်နေ့မှာစတင်ကျင်းပမယ့် အရောင်းပြပွဲမှာ Car of The Year (2018-2017-2016) ၃ နှစ်ဆက်တိုက် ဆုရရှိထားပြီး International Award ၃၈ ဆု ကိုပါပိုင်ဆိုင်ထားရုံသာမက Euro NCAP မှာ Safety rating 5 stars အထိရရှိထားတဲ့ SUV, Sedan အစရှိတဲ့ ကားတွေကို Discount အခွင့်အရေးတွေနဲ့ မိတ်ဆက်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။ Peugeot Myanmar ရဲ့ အရောင်းပြပွဲကိုတော့ Myanmar Plaza (Promotion Area) မှာ မေလ ၂၅ ရက်နေ့ကစတင်ပြီး မေလ ၂၇ ရက်အထိ ၃ ရက်တိုင်တိုင်ကျင်းပသွားမှာပဲဖြစ်ပါတယ်။ ကျင်းပမယ့်အချိန်ကတော့ နံနက် ၉ နာရီကနေ ည ၉ နာရီအထိပါ။

အရောင်းပြပွဲမှာမိတ်ဆက်သွားမယ့် Peugeot Brand New ကားတွေဟာ ထူးခြားလှတဲ့ Aerodynamic အပြင်ပိုင်းဒီဇိုင်းပုံစံ၊ သက်သောင့်သက်သာရှိစေတဲ့ i-Cockpit ကားအတွင်းခန်းဒီဇိုင်းတို့နဲ့ ဖွဲ့စည်းထားပြီး Safety ပိုင်းအတွက် နည်းပညာမြင့် option များစွာပါဝင်တယ်လို့သိရပါတယ်။ ဒါ့အပြင် ကျန်းမာရေးကိုအထောက်အကူပြုစေတဲ့ Massage Seat တွေ နဲ့ လေထုညစ်ညမ်းမှုလျော့နည်းအောင်လုပ်ဆောင်ပေးမယ့် CO2 Emissions Filter System လည်းပါဝင်နေမှာဖြစ်ပါတယ်။

 

 

Brand New ကားတွေကို Discount အစီစဉ်တွေနဲ့ ချပြမိတ်ဆက်သွားမယ့် အရောင်းပြပွဲတစ်ခုဖြစ်တာကြောင့် Peugeot ကိုချစ်မြတ်နိုးတဲ့ Fan တွေအနေနဲ့ သွားရောက်လည်ပတ်သင့်တဲ့ ပွဲတစ်ခုလို့ပဲဆိုပါရစေ။ အခုလာမယ့် သောကြာနေ့နော်….?)

 

Source 1, 2

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories