August 19, 2018

We ❤️ New Cars!

New Car News in Burmese

Peugeot Myanmar ကတော့ ဉပရောမှာအကောင်းဆုံးဖြစ်နေတဲ့ Brand New Peugeot ကားတွေကို Promotion အစီအစဉ်တွေနဲ့ မိတ်ဆက်ချပြရောင်းချသွားဖို့အတွက် “Mandalay Special Promotion” ဆိုတဲ့ Event တစ်ခုကိုဖန်တီးလိုက်ပြီဖြစ်ပါတယ်။ လာမယ့် ဇွန်လ ၈ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ၃ ရက်တိုင်တိုင် မန္တလေးက City Hall မှာကျင်းပသွားမှာပဲဖြစ်ပါတယ်။ ကျင်းပမယ့်အချိန်ကတော့ နံနက် ၉ နာရီကနေ ည ၉ နာရီအထိပါ။ သောကြာ၊ စနေ၊ တနင်္ဂနွေ ဖြစ်တာကြောင့် တော်တော်များများသွားရတာအဆင်ပြေလောက်မှာဖြစ်ပါတယ်။

Promotion event မှာဆိုရင် SUV, Sedan, Saloon, Hatchback အစရှိတဲ့ Brand New ကားအမျိုးအစားတွေကို ချပြရောင်းချသွားမှာဖြစ်ပြီး လပေါင်း (၆၀) အတိုးနှုန်း ၀.၅ ရာခိုင်နှုန်းနဲ့ ပြင်သစ်ကားသစ်ကိုပိုင်ဆိုင်နိုင်မှု၊ ကားတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကနေစတင်ပြီး ၅ နှစ်တာအရစ်ကျဝယ်ယူနိုင်မှု နဲ့ SUV အမျိုးအစားကားတွေအတွက် USD 1500, Saloon ကားတွေအတွက် USD 3000 အထိရရှိနိုင်မယ့် အထူးလျော့စျေး အစရှိတဲ့ ပရိုမိုးရှင်းအခွင့်အရေးတွေကို ပွဲကျင်းပမယ့် ၃ ရက်တာကာလအတွင်း ခံစားရမှာပါ။ ဒါ့အပြင် Event မှာ နောက်ထပ်စိတ်ဝင်စားစရာကောင်းတာတစ်ခုက 2017 Red dot winner ကိုရရှိထားတဲ့ ၇ ယောက်စီး SUV အမျိုးအစား Brand New Peugeot 5008 ကို ပရိုးမိုးရှင်းအစီအစဉ်နဲ့ မိတ်ဆက်သွားမယ်ဆိုတာပါပဲ။

Active Safety Brake System, Parking Space Sensors, Speed Limit Control System, Adaptive Cruise Control System, Blind Spot Detection system, Guide me home lighting system, 6-Air Bags အစရှိတဲ့ လုံခြုံစနစ်ကောင်းတွေပါဝင်တဲ့ Brand-new ကားအသစ်ကြီးကို လေ့လာမြင်တွေ့နိုင်မယ့် ပွဲလေးဆိုတော့ ကားအကြောင်းစိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ သွားရောက်ကြည့်ရှု့လေ့လာသင့်တဲ့ ပွဲလေးတစ်ခုလို့ပဲဆိုရမှာပါ။ (အထူးသဖြင့် မန္တလေးက ကားအကြောင်း စိတ်ဝင်စားသူတွေကိုရည်ရွယ်ပါတယ်။)

 

Source (Peugeot Myanmar)

Auto News

Leave a Reply

Your email address will not be published. Required fields are marked *