November 17, 2018

We ❤️ New Cars!

New Car News in Burmese

ပြီးခဲ့တဲ့ လတုန်းကထွက်ရှိခဲ့တဲ့သတင်းအတိုင်းပဲ ရန်ကုန်မြို့ Downtown ၆ မြို့နယ်က ယာဉ်နားကန့်သတ်ဇုန် ၈ ဇုန်မှာ အောက်တိုဘာလ ၁ ရက်နေ့ကစတင်ပြီး ယာဉ်တစ်စီးကို တစ်နာရီ ၂၀၀ ကျပ်နှုန်းနဲ့ စတင်ကောက်ခံသွားတော့မှာပဲဖြစ်ပါတယ်။ ယာဉ်ရပ်နားခ ကောက်ခံမှုကိုတော့ သတ်မှတ်ထားတဲ့အချိန်ဖြစ်တဲ့ နံနက် ၈ နာရီကနေ ညနေ ၆ နာရီအထိပဲကောက်ခံသွားမှာဖြစ်ပြီး သတ်မှတ်ထားတဲ့အချိန်ကျော်လွန်သွားရင်တော့ အခမဲ့ရပ်နားခွင့်ပေးသွားမှာဖြစ်တယ်လို့လဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အသိပေးထားကြောင်းသိရပါတယ်။

အခုလို Downtown ၆ မြို့နယ်ကယာဉ်ရပ်နားခ ကောက်ခံမှုလုပ်ငန်းတွေလုပ်ဆောင်ဖို့ကို စျေးပြိုင်တင်ဒါစနစ်နဲ့ အငှားချသွားမှာဖြစ်ပြီး တင်ဒါစည်းကမ်းချက်နဲ့ လျှောက်လွှာပုံစံတွေကို ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်း/ တံတားအင်ဂျင်နီယာငှာနမှာ စက်တင်ဘာလ ၁၄ ရက်နေ့အထိရောင်းချပေးသွားမှာဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့မှာတော့ တင်ဒါဖောင်ပိတ်မှာဖြစ်တယ်လို့ သိရပါတယ်။ တင်ဒါလျှောက်လွှာတွေကိုတော့ တင်ဒါစီစစ်ရွေးချယ်ရေးကော်မတီက ရွေးချယ်လုပ်ကိုင်ခွင့်ပေးသွားမှာပဲဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဉီးက

“ရန်ကုန်မြို့အတွင်း ၆ မြို့နယ်မှာ ယာဉ်ရပ်နားခ ကောက်ခံတာကို အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ကောက်ခံသွားမှာပါ။ လွှတ်တော်မှာလည်း မြို့တော်ဝန်ကပြောထားပြီးသားပါ။ မြို့တွင်း ၆ မြို့နယ်အတွင်းမှာ ရပ်ထားတဲ့ကားတွေကို ကားတစ်စီးကို တစ်နာရီ ၂၀၀ ကျပ်နဲ့ကောက်ခံဖို့ သတ်မှတ်ထားပါတယ်။”

လို့ပြောကြားခဲ့ကြောင်းလည်း သိရှိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: