October 18, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်မြို့ Downtown ၆ မြို့နယ်ထဲက ယာဉ်နားကန့်သတ်ဇုန် ၈ ဇုန်မှာ တစ်နာရီကို ၂၀၀ ကျပ်နှုန်းနဲ့ လာမယ့်အောက်တိုဘာလ ၁ ရက်နေ့ ကစပြီး နံနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ ယာဉ်နားခကောက်ခံတော့မှာဖြစ်ပါတယ်။ အဲ့လို ယာဉ်နားကန့်သတ်ဇုန် ၈ ဇုန်အတွက် ယာဉ်နားခကောက်ခံဖို့ တင်ဒါခေါ်ယူခဲ့ရာမှာ ၅ ဇုန်အတွက် တင်ဒါအောင်မြင်ပြီး ၃ ဇုန်ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ကျန်ရှိနေတဲ့ ၃ ဇုန်အတွက်ကိုတော့ တင်ဒါပြန်လည်ခေါ်ယူသွားမှာဖြစ်ပြီး မြို့နယ် ၆ မြို့နယ်ထဲကလမ်းမကြီးတွေနဲ့ အမည်တပ်လမ်းတွေမှာ ယာဉ်နားခကောက်ခံဖို့ ဇုန်အလိုက်တင်ဒါခွင့်ပြုထားတယ်လို့လဲသိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာငှာနတာဝန်ရှိသူတစ်ဉီးကလည်း

“ယာဉ်ရပ်နားခကောက်ခံဖို့ တင်ဒါလုပ်ကိုင်ခွင့်ရရှိသူ ဇုန်အလိုက်သတ်မှတ်ထားတယ်။ ဇုန် ၈ ဇုန်ရှိတာက တင်ဒါအောင်တာ ၅ ဇုန်အောင်တယ်။ ယာဉ်ရပ်နားခကောက်ခံတဲ့ ဇုန်တွေကို မြေပုံအလိုက်မြို့အတွင်း ၆ မြို့နယ်မှာသတ်မှတ်ပြီး အောက်တိုဘာလ ၁ ရက်နေ့ကစတင်ပြီး ယာဉ်ရပ်နားခကောက်ခံမှာပါ။”

လို့ပြောကြားထားကြောင်းလည်းသိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories