Panasonic Corporation အနေနဲ့ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က las vegas မှာကျင်းပခဲ့တဲ့ CES 2018 မှာ Electric Vehicle တွေအတွက် “ePowertrain” platform ကိုဖန်တီးလိုက်ပြီဆိုတဲ့အကြောင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။ Panasonic ရဲ့ ePowertrain platform ကတော့ Electric Vehilce(EV) တွေမှာအသုံးပြုနိုင်တဲ့ systematized application ပါ။ လျှပ်စစ်ကားတွေအတွက်သာ မဟုတ်ပဲ Mircro EVs လေးတွေဖြစ်တဲ့ လျှပ်စစ်ဆိုင်ကယ်၊ လျှပ်စစ်စက်ဘီးတွေ အတွက်ပါ ဖန်တီးခဲ့တာဖြစ်ပါတယ်။
The platform Panasonic has developed for EV bikes and micro EVs is an energy-efficient, safe powertrain that features integrated compactness, high efficiency, and flexible scalability. It consists of basic units, including a power unit (with an on-board charger, junction box, inverter and DC-to-DC converter) and a motor unit.
Source :news.panasonic.com
Panasonic ဖန်တီးထားတဲ့ ePowertrain ကတော့ လျှပ်စစ်ဆိုင်ကယ်၊ လျှပ်စစ်စက်ဘီး အစရှိတဲ့ အသေးစား EV လေးတွေ ကိုစွမ်းရည်သက်သာစေမှာပါ။ Powertrain ကလည်း စွမ်းရည်မြင့်မားပြီး vehicle နဲ့ အံဝင်ခွင်ကျဖြစ်အောင်ဖန်တီးထားတာကြောင့် သုံးရအဆင်ပြေပြီး လုံခြုံမှုရှိနေမှာပါ။ အဲ့ဒီ Powertrain မှာတော့ power unit (with an onboard charger, junction box, inverter and DC-to-DC converter) နဲ့ a motor unit ဆိုပြီး unit နှစ်ခုပါဝင်မှာဖြစ်ပါတယ်။
Panasonic အနေနဲ့အရင်တုန်းက batteries, on-board chargers, film capacitors, DC-to-DC converters တွေကို Plug-in Hybrid လျှပ်စစ်ကားတွေနဲ့ Plug-in လျှပ်စစ်ကားတွေအတွက် ဖန်တီးခဲ့ဖူးတာဖြစ်ပါတယ်။ Automaker တွေကလည်းနောက်ပိုင်းမှာ EVs တွေက ပိုမိုထုတ်လုပ်တော့မှာ ဖြစ်တာကြောင့် Panasonic အနေနဲ့ ဘာတွေဆက်လုပ်သွားမလဲ၊ ဘယ်လိုတွေထပ်မံကောင်းအောင်ဖန်တီးသွားမလဲဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
Panasonic Develops Scalable “ePowertrain” Platform for
Small #EVs – Looking ahead to the Coming Mobility Society. https://t.co/xehUrrTHlq #electricvehicles pic.twitter.com/YF8d07rK1o— Panasonic Corp. (@panasonic) January 9, 2018