November 19, 2019

We ❤️ New Cars!

New Car News in Burmese

 အခု ၂၀၁၈ ခုနှစ်အစကနေ ပြီးခဲ့တဲ့ နိုဝင်ဘာအထိ စစ်တမ်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာလိုင်စင်မဲ့ယာဉ်ပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ပြီး လိုင်စင်မဲ့ကားအများစုမှာလည်း မော်ဒယ်မြင့် အိမ်စီးကားအမျိုးအစားအများဆုံးဖြစ်နေတယ်လို့သိရပါတယ်။

လိုင်စင်မဲ့ကားဟုတ်/ မဟုတ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးငှာနကထုတ်ပေးတဲ့ သတ်မှတ်ယာဉ်နံပါတ်ပြားဟုတ်/ မဟုတ် အစရှိတာတွေကိုတော့ အဖွဲ့ ၃၀ ဖွဲ့စည်းပြီး တစ်ရက်ကို ၁၀ ဖွဲ့နှုန်းနဲ့ စစ်ဆေးဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးရဲ့ တာဝန်ရှိသူတစ်ဉီးက 

“ရန်ကုန်တိုင်းမှာ လိုင်စင်မဲ့ကားတွေကို စီမံချက်နဲ့ဖမ်းဆီးစစ်ဆေးနေတာလုပ်နေတယ်။ ဒီနှစ်ထဲမှာ ၁၁ လအတွင်းလိုင်စင်မဲ့ကား ၁၂၃ စီးအထိဖမ်းဆီးရရှိထားတယ်။ လိုင်စင်မဲ့ကားအများဆုံးဖမ်းဆီးရမိတာက အိမ်စီးကားတွေများတယ်။ မြို့အစွန်နေရာတွေမှာ အများဆုံးတွေ့ရတဘ်။ ကညနသတ်မှတ်နံပါတ်မပါပဲ မောင်းနှင်ကားက ၁၀ စီးလောက်ရှိတယ်။ သတ်မှတ်နံပါတ်ပြားမပါရင်လည်း ဖမ်းဆီးပါတယ်။”

လို့ပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။ 

လက်ရှိမှာတော့ လမ်းသွားကားတွေကိုသာစီမံချက်နဲ့ ဖမ်းဆီးနေတာဖြစ်ပြီး အိမ်ဝန်း၊ ခြံဝန်းထဲကိုဝင်ရောက်ဖမ်းဆီးတာမျိုးမရှိသေးကြောင်းလည်းသိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories