October 18, 2018

We ❤️ New Cars!

New Car News in Burmese

မကြာခင်ကျရောက်လာမယ့်ရန်ကုန်သင်္ကြန်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ အများပြည်သူတို့လုံခြုံမှုအတွက် ကျန်းမာရေးအရခွင့်ယူသူတွေနဲ့ သင်တန်းကာလခွင့်ယူသူတွေ ကလွဲပြီး ယာဉ်ထိန်းရဲအင်အား ၁၀၄၉ ယောက်အထိ တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက ပြောကြားထားတာဖြစ်ပါတယ်။ ယာဉ်ထိန်းရဲအင်အား ၁၀၄၉ ယောက်တို့ ဟာ ရန်ကုန်တိုင်းဒေသရဲ့ အင်အားအကုန်ဖြစ်ပြီး အရာရှိ ၁၉၇ ယောက် အပါအဝင်ဖြစ်တယ်လို့ ဒုရဲမှူးသိန်းဉီးကပြောကြားခဲ့ပါတယ်။

ယာဉ်ထိန်းရဲတွေကို အများပြည်သူအပန်းဖြေတဲ့နေရာတွေ၊ မဏ္ဍပ်ရှေ့ နေရာတွေ၊ မီးပွင့်လမ်းဆုံလမ်းခွတွေ၊ မဏ္ဍပ်အလွန်အရှိန်ပြင်းပြင်းနဲ့မောင်းရင် သတိပေးနိုင်တဲ့နေရာမျိုးတွေမှာ စောင့်ကြပ်ရှု့သွားမှာပါ။ ဒါ့အပြင် ယာဉ်မှုစစ်တာဝန်၊ သူနာပြုတာဝန်တွေသာမက အရေးပေါ်အခြေအနေတွေ အတွက်လည်း ပြင်ဆင်ထားပါသေးတယ်လို့လဲ ဒုရဲမှူးသိန်းဉီးကပြောကြားခဲ့ပါသေးတယ်။

သင်္ကြန်အတွက်တာဝန်ပေးအပ်ခြင်းခံရတဲ့ ယာဉ်ထိန်းရဲမှူးတွေဟာ နံနက်ရေစတင်ကစားချိန်ကနေစပြီး ညပိုင်းဖျော်ဖြေရေးအစီအစဉ်ပြီးတဲ့အချိန်ထိ တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ အခုလို လုံခြုံရေးဘက်ပိုင်းမှာ သေသေချာချာကို စီစဉ်ဆောင်ရွက်ထားတာဖြစ်တာကြောင့် မိဘပြည်သူတို့ အနေနဲ့ အတာသင်္ကြန်ကာလမှာ အေးအေးချမ်းချမ်းပျော်ပါးနိုင်တော့မှာဖြစ်ပါတယ်။

 

Via

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories