October 18, 2018

We ❤️ New Cars!

New Car News in Burmese

မော်တော်ယာဉ်သက်တမ်းတိုးလုပ်ငန်း ဆောင်ရွက်ဖို့ စာရင်းပေးသွင်းရက်ချိန်းယူရတဲ့ Online booking စနစ်ဟာတော့ မန္တလေးဒေသကြီးမှာ လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကစပြီးအသုံးပြုနိုင်မှာဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူးဉီးစီးငှာနကပြောကြားထားကြောင်း သိရပါတယ်။ ကြိုတင်စာရင်းသွင်းရတဲ့ Online booking စနစ်ကိုတော့ www.rtad.gov.mm ဝက်ဆိုဒ်ကနေ လာမယ့် (၁.၁၀.၂၀၁၈) မှာစတင်စာရင်းပေးရက်ချိန်းယူနိုင်တော့မှာပဲဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးငှာနက တာဝန်ရှိသူတစ်ဉီးကလည်း

“ယာဉ်သက်တမ်းတိုးဆောင်ရွက်တာနဲ့ယာဉ် မှန်/မမှန် စစ်ဆေးတာကိုဆောင်ရွက်တဲ့သူတွေ စနစ်တကျလေးနဲ့ အဆင်ပြေပြေဆောင်ရွက်နိုင်အောင် စီစဉ်ပေးတာပါ။ အောက်တိုဘာလ ၁ ရက်နေ့ကစပြီးဒီစနစ်ကိုကျင့်သုံးမယ်၊ ရုံးဖွင့်ရက် လဆန်း ၁ ရက်နေ့ကနေ ၂၅ ရက်နေ့ အထိ Online booking စနစ်ကိုတစ်ရက်ကားအစီးရေ ၅၀ စီလုပ်ငန်းဆောင်ရွက်ပေးသွားမယ်။”

လို့ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။

နှစ်လဲယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းကိုတော့ နံနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီ၊ နေ့လည် ၁ နာရီကနေ ညနေ ၃ နာရီ ဆိုပြီး အချိန် ၂ ချိန်သတ်မှတ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လဲသိရပါတယ်။

 

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories