October 18, 2018

We ❤️ New Cars!

New Car News in Burmese

မှတ်ပုံတင်ယာဉ်မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပေးခြင်းလုပ်ငန်းကို အလှည့်ကျတန်းစီစစ်ဆေးပေးတဲ့စနစ်ကနေ ကြိုတင်ရက်ချိန်းယူစစ်ဆေးပေးမယ့် Online booking စနစ်ကို အခုလာမယ့် ရက်ပိုင်းအတွင်းပြောင်းလဲကျင်းသုံးသွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးငှာနကပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

ကြိုတင်ရက်ချိန်းယူစစ်ဆေးပေးမယ့် Online booking စနစ်ကိုတော့ နှစ်လဲသက်တမ်းတိုးလုပ်ငန်းများပြုလုပ်ပြီးစီးတဲ့အချိန်နေ့လည် ၂ နာရီမှသာဆောင်ရွက်ပေးသွားမှာဖြစ်ပြီး သတ်မှတ်ထားတဲ့အချိန်ထက်နောက်ကျမှရောက်ရှိလာသူတွေကိုတော့ Online ရက်ချိန်းစာရင်းကနေ အလိုအလျှောက်ပယ်ဖျက်သွားမှာဖြစ်တဲ့အကြောင်းကိုလည်း သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးငှာနတာဝန်ရှိသူတစ်ဉီးက

“အခုဖြစ်နေတာက ကားအရောင်းအဝယ်လုပ်သမျှကို ယာဉ်မှန်၊ မမှန် လာစစ်ကြတယ်။ ဒါကြောင့် လာမယ့်အပတ်ကစပြီး online booking ကိုစတင်ကျင့်သုံးပါမယ်။ ဒီနေ့အထိ နမူနာပုံစံတွေကိုဝန်ကြီးငှာနဝက်ဆိုက်ဒ်မှာတင်ထားပါတယ်။ အကယ်၍ ယာဉ်မမှန်ဘူးဆိုရင်တော့ လိုင်စင်မဲ့ ကားအဖြစ်တစ်ပါးတည်းသိမ်းဆည်းသွားမှာပါ။”

လို့ပြောကြားခဲ့တယ်လို့ လဲသိရပါတယ်။

ယာဉ်မမှန်ဘူးဆိုရင် လိုင်စင်မဲ့ကားအဖြစ် တစ်ပါးတည်းသိမ်းဆည်းသွားမယ်ဆိုတာကြောင့် မိတ်ဆွေတို့အနေနဲ့ ယာဉ်မှန်/မမှန် သေသေချာချာ သတိထားစစ်ဆေးပြီးမှ ဝယ်ယူသင့်တဲ့ အချိန်တစ်ခုပါပဲလို့ ဆိုရမှာပါ။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories