July 17, 2018

We ❤️ New Cars!

New Car News in Burmese

Omini Focus ကုမ္ပဏီရဲ့ အုပ်ချုပ်မှု လက်အောက်မှာရှိနေတဲ့ တစ်ဉီးချင်းပိုင်ယာဉ်လိုင်းတွေဖြစ်တဲ့ YBS အမှတ် ၂၇၊ အမှတ် ၈၅ တို့ကို Yagon Region Transport Authority (YRTA) ထံပြန်လည် အပ်နှံလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ အများပိုင်ယာဉ်လိုင်းစနစ်နဲ့ သာ ဆောင်ရွက်သွားချင်တာကြောင့် အခုလို ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ လဲသိရှိရပါတယ်။

ယာဉ်လိုင်းပြန်လည် အပ်နှံမှုနဲ့ပတ်သက်ပြီး Omini Focus ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူက

“ကုမ္ပဏီမှာရှိတဲ့ တစ်ဉီးတစ်ယောက်ချင်းပိုင် ယာဉ်လိုင်း ၂ ခုဖြစ်တဲ့ အမှတ် ၂၇ နဲ့ ၈၅ ယာဉ်လိုင်းတွေကို YRTA ကိုပြန်အပ်ဖို့တော့တင်ပြထားတယ်။ ရေရှည်မှာ အများပိုင်စနစ်သွားနေတာဆိုတော့ တစ်ဉီးတစ်ယောက်ချင်းပိုင်ယာဉ်လိုင်းတွေကို မအုပ်ချုပ်ချင်တော့ဘူး။ အခု အဲ့ဒီယာဉ်လိုင်း ၂ လိုင်းကို YRTA ထံပြန်ပေးထားတယ်။”

ဟုပြောကြားခဲ့ကြောင်းသိရှိရပါတယ်။

YRTA ရဲ့တာဝန်ရှိသူတွေကလည်း ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေကို အများပိုင်စနစ်ပြောင်းလဲသွားမှာဖြစ်ပြီး  ယာဉ်လိုင်းကုမ္ပဏီများအနေနဲ့ စည်းကမ်းပိုင်း၊ ဝန်ဆောင်မှုအပိုင်းတွေ ညံ့ဖျင်းပါက အရေးယူမှုတွေအထိ ပြုလုပ်သွားမှာဖြစ်တယ်လို့လဲ သိရှိရပါတယ်။ ဆိုတော့ လက်ရှိ Omini Focus ကုမ္ပဏီရဲ့ အုပ်ချုပ်မှုအောက်မှာ ယာဉ်လိုင်းအမှတ် ၂၀၊ ၈၃၊ ၅၆ နဲ့ အထူးယာဉ်လိုင်း Airport Shuttle တို့သာရှိနေတော့တာပဲဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့လည်း လက်ရှိမှာ ကားအစီးရေ ရာကျော်အသုံးပြုပြီးပြေးဆွဲလျက်ရှိတယ်လို့ လဲသိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories