October 18, 2018

We ❤️ New Cars!

New Car News in Burmese

လက်ရှိမှာ ၁၉၉၈ မော်ဒယ်နဲ့ အောက် YBS ခရီးသည်တင်ယာဉ် အစီး ၁၀၀ ကျော်ကို အိုဟောင်းယာဉ်အဖြစ် အပ်နှံဖို့ ကျန်ရှိနေသေးတာဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ဆက်သွယ်ရေးညွှန်ကြားရေးမှူးဉီးစီးငှာနကတဆင့်သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကစတင်ပြီး ၁၉၉၈ မော်ဒယ်အောက် YBS ယာဉ်ဟောင်းတွေကို အိုဟောင်းယာဉ်အဖြစ်မအပ်နှံပါက ယာဉ်လိုင်းအတွင်းမှထုတ်ပယ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ မေလအကုန်အထိ အပ်နှံဖို့ အစီး ၁၀၀ ကျော်ကျန်ရှိနေသေးတာပဲဖြစ်ပါတယ်။

YBS စနစ်စတင်ပြောင်းလဲတဲ့ အချိန်ကစတင်ပြီး YBS ယာဉ်တွေကို မော်ဒယ်အလိုက် အိုဟောင်းယာဉ်အဖြစ် အပ်နှံပြီး လူစီးစလစ်ထုတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ယာဉ်အပ်နှံပြီးလူစီးစလစ်ထုတ်လုပ်ပေးမှုကိုတော့ ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာလကစတင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ၁၉၉၈ မော်ဒယ်အောက် YBS ယာဉ် ၃၆၉ စီးအပ်နှံခွင့်ပြုထားပြီး မေလကုန်အထိ City Bus ၃၃၁ စီး၊ Mini Bus ၈ စီး၊ BM ၁၀ စီး နဲ့ ဒိုင်နာ ၃ စီးတို့ကို အပ်နှံထားလျက်ရှိတယ်လို့ သိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories