August 15, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လိုင်စင်မဲ့ကားတွေကို စီမံချက်နဲ့ လိုက်လံဖမ်းဆီးတဲ့အခါမှာ တစ်လအတွင်း လိုင်စင်မဲ့ကားအစီးရေ ၁၀ စီးနဲ့ စည်းကမ်းပျက်ကားစုစုပေါင်း ၁,၁၀၀ ကျော်အထိဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးရဲ့ စာရင်းမှာဖော်ပြထားကြောင်း သိရှိရပါတယ်။

စီမံချက်နဲ့ဖမ်းဆီးမှုတွေကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး ကညန ကတရားဝင်ထုတ်ပြန်ပေးထားတဲ့ ယာဉ်နံပါတ်ပြားကို မတပ်ဆင်ထားတဲ့ယာဉ်တွေ၊ ယာဉ်စည်းကမ်းဖောက်ဖျက်သွားလာနေတဲ့ ယာဉ်တွေ၊ အစရှိတာတွေကို ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးငှာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဉီးစီးငှာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှုရုံး၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပူပေါင်းပြီး စစ်ဆေးအရေးယူမှုတွေပြုလုပ်နေတာဖြစ်တယ်လို့လဲသိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးတာဝန်ရှိသူတစ်ဉီးက

“ရန်ကုန်တိုင်းမှာလိုင်စင်မဲ့ကားတွေကို စီမံချက်နဲ့ ဖမ်းဆီးစစ်ဆေးနေတာ တစ်လအတွင်းလိုင်စင်မဲ့ကား ၁၀ စီးနဲ့စည်းကမ်းပျက်ယာဉ်အစီး ၁,၁၀၀ ကျော်အထိဖမ်းဆီးရရှိထားတယ်။ ကညန ကသတ်မှတ်နံပါတ်ပြားမတပ်ဘဲ မောင်းနှင်တဲ့ကားက ၁၀ စီး လောက်ရှိတယ်။ စည်းကမ်းဖောက်ဖျက်တဲ့ကားတွေကိုလည်း မော်တော်ယာဉ်ဉပဒေနဲ့ ဖမ်းဆီးအရေးယူပါတယ်။”

လို့ပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်။

အခုလို လိုင်စင်မဲ့ကားစီးနှင်းမှုတွေကို ဖမ်းဆီးရရှိပါက သွင်းကုန်ထုတ်ကုန် ဉပဒေနဲ့ နိုင်ငံတော်ပိုင်ဘဏ္ဍာအဖြစ်သိမ်းဆည်းအရေးယူသွားမှာဖြစ်တယ်လို့ လဲထပ်မံသိရှိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories